Part-25

1.9K 114 63
                                    

# Unicode #

" ဟေ့ဟျောင်! နို့ရပြီလား.."

" ခန..ခန ရတော့မယ်.. အိပ်ဆေးပျော်အောင်လုပ်နေလို့ "

ဂွန်းဟူက အိမ်အလုပ်သမားနဲ့ အစောင့်တွေကို တမင် ပထုတ်ထားပြီး ဆော့ဂျင်က အရိပ်ခြေ ကြည့်ကာ ဂျီမက်နဲ့ ဂျောင်ဂုက နို့ကျိုနေ၏။ဂွန်းဂူနဲ့ အစောင့်များပြီး‌တော့ အလုပ်သမားတွေ မကြာခင် ပြန်လာတော့မှာမလို့ ဆော့ဂျင်က မေးလိုက်ခြင်းဖြစ်သည်။

" မြန်မြန်လုပ်ဟ! ဂွန်းဟူ တစ်ယောက်တည်း အလုပ်သမားတွေကို အကြာကြီး ထိန်းနိုင်မယ်မထင်ဘူးနော်..ခနနေ မင်းတို့လင်တွေလည်း ရောက်တော့မှာ! "

ဆော့ဂျင်က တံခါး ပေါက်ဝကိုကြည့်
လိုက်..တတွတ်တွတ်ပြောလိုက်နှင့် အလုပ်ရှုပ်နေ၏။

" ပြီးပြီဟေ့! ပြီးပြဟ! တကယ်တည်း ပေါက်ပေါက်ဖောက်နေတာ လွန်ရော..သွား! ဂွန်းဟူကို သွားခေါ်လို့ရပြီ..."

ဂျီမင်က ပြောနော့ ဆော့ဂျင်က မျက်စောင်းထိုးပြီး ခြံထဲမှာ အလုအ်သမားတွေကို ပန်းအိုးတွေ နေရာပြောင်းရွေ့ခိုင်းနေတဲ့ ဂွန်းဟူဆီကို သွားလိုက်သည်။

~

~

~

" အဲ့နားက မလှဘူး ဟို..ဟိုနားလေး ပြောင်းထားကြည့်! "

" အစ်ကိုလေး ကျွန်တော်တို့ ပန်းအိုးတွေကို ရွေ့နေရာ နေရာတွေ ထပ်နေပြီ အဲ့နေရာလည်း ထားပြီးပြီလေ..အစ်ကိုလေးဘဲ မလှဘူးဆို.."

" အာ! အာ! ဟုတ်လား! ဟီးးး "

ဂွန်းဂူလည်း အလုပ်သမားတွေ ပြောတာ မှန်နေတာကြောင့် မျက်နှာချိုသွေးလိုက်သည်။နေရာပေါင်းစုံကို ပန်းအိုးတွေ လိုက်ချခိုင်းနေတာ သူတို့လဘ်း ပင်ပန်းလာမှာပေါ့...ကြံလို့မရသည့်အဆုံး ခေါင်းသားကုတ်နေလိုက်သည်။

" မူ လနေရာပြန်ထားတာက ကောင်းမယ်ထင်တယ် အရင်နေရာလေးက ပိုလှသလားလို့..ဟီးးး "

" ဟုတ်ကဲ့ အစ်ကိုလေး.."

အလုပ်သမားတွေလည်း ဘာမှ‌မပြောဘဲ အရင်နေရာကိုသာ ရွေ့နေလိုက်သည်။

" ဂွန်းဟူ ရပြီ! "

ဆော့ဂျင်က ဂွန်းဟူနားလာကာ တိုးတိုးလေးပြောလိုက်တာကြောင့် ဂွန်းဟူ မျက်နှာပြုံးပျော်သွားသည်။အလုပ်သမားတွေနဲ့ အစောင့် တစ်ရာကျော်ကို ထိန်းထားရတာ လွယ်တာမှမဟုတ်တာ..မရှိသည့်မြက်တွေနှုတ်ခိုင်း..ပန်းအိုးတွေ‌သယ်ခိုင်းနဲ့ ..အလုပ်သမားတွေက ကိစ္စမရှိပေမဲ့ အစောင့်တွေကတော့ သံသယ မျက်လုံးတွေနဲ့ လာကြည့်နေတာမို့ ပြုံးပြနေရသေး၏။အခုမှ အပူလုံးကြီးကျတော့တယ် ..

A Lover of Mafia ( Complete )Where stories live. Discover now