Part-9

2.4K 151 91
                                    

# Unicode #

" ခင် .ခင်ဗျားနဲ့ ဘာဆိုင်လို့ စိတ်မချတာလဲ..အရူးစကားတွေလာပြောနေတယ်.."


" ဟက်! ဆိုင်အောင်လုပ်ကြမလား! "

" ဆောက်ရူး!! "

ပါးပြင်ကိုပွတ်သတ်လာတဲ့ လက်တွေပိုပုတ်ချပြီး ပြောလိုက်တဲ့ ဂျောင်ဂု...

" ဟက်! ဟုတ်တယ်..ကျုပ်က ဆောက်ရူး! မင်းကြောင့်လေ! အဲ့တာမင်းကြောင့်...ငါဘာကြောင့် မင်းလို အယ်လ်ဖာကို စိတ်ဝင်စားနေမိမှန်းမသိဘူး..မင်း တစ်ယောက်တည်းကိုဘဲ ဂျောင်ဂု! "

ထယ်ယောင်းက ဂျောင်ဂုရဲ့ မျက်နှာလေးကို သေချာစိုက်ကြည့်ပြီးပြောတော့ ဂျောင်ဂု ခဏတာမှင်သတ်သွားသည်။အခု သူ ဖွင့်ပြောခံလိုက်ရတာလား...

" အိုမီဂါတစ်ယောက်ကို ပြောင်းကြိုက်လေ..."


" ကိုယ်က အိုမီဂါတွေကို အရမ်းမုန်းတယ် baby..."

ထယ်ယောင်းက ဂျောင်ဂုရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ပြောလိုက်တော့ ဂျောင်ဂု မသိမသာတံတွေးတစ်ချက်မျိူချမိလိုက်သည်။

* ကျွန်တော်သာ အိုမီဂါမှန်းသိသွားရင် ခင်ဗျား..ဆက်ချစ်နေအုံးမှာလား..*

" ဘာ..ဘာကြောင့် အိုမီဂါတွေကို...မုန်းနေတာလဲ..အိုမီဂါတိုင်းက မကောင်းတဲ့သူတွေမဟုတ်ပါဘူး...ဥပမာ..အစ်ကိုဟိုဆော့လက်ထပ်တဲ့ ဂွန်းဟူကိုဘဲ ကြည့်လေ..သူလည်း အိုမီဂါပေမဲ့ မဆိုးဘူးလေ.."

ဂျောင်ဂုက အချက်ကျကျ ပြောပေမဲ့ သူပြန်ရလိုက်တာက ထယ်ယောင်းရဲ့ ပျက်ရယ်ခြင်းတစ်ခုသာ.

" ဟက်! အနည်းစုဘဲ ဂျောင်ဂု...အိုမီဂါ အများစုက သူတို့ရဲ့ ဘဝ အာမခံချက်ရှိအောက် Mate ရှိပြီးသားသူတွေကို လည်း စည်းစောင့်ထိန်းမှုမရှိဘဲ အိမ်ထောင်ရေးဖောက်ပြန်တက်အောင် ဖြာယောင်းတတ်တယ် မင်းသိလား! အဲ့လို အိုမီဂါတွေကြောင့် ကလေးတွေ မိတစ်ကွဲဖတစ်ကွဲနဲ့ ရှင်သန်ရတာကိုရော မင်းသိလား!! "


သခင်ကြီးရဲ့ စကားများကို ဂျောင်ဂု နားထောင်ပြီး ဘာစကားမှမပြောနိုင်တော့ပေ...

A Lover of Mafia ( Complete )Where stories live. Discover now