Part -2

2.7K 159 59
                                    

#Unicode #

ဂျောင်ဂု ခုနက ရန်ပွဲကြောင့် ဒေါသထွက်နေတာမို့ သူ့ရဲ့ pheromones တွေ ထွက်နေမှန်းမသိခဲ့တာ...အဲ့တာကို လူတစ်ယောက်က သူ့ကို ပတ်ပတ်စပ်စပ်ပြောသွားတော့ ဒေါသက ထွက်သွား၏။သို့သော် ရန်ဖြစ်ချင်စိတ်မရှိတာကြောင့် တောက်ခေါက်ပြီး ထွက်လာလိုက်သည်။

လူပုံစံက အယ်လ်ဖာ ဖြစ်ရမည်။ခြောက်ပေကျော် အရပ်နဲ့ ခန္ဓာကိုယ်က ထွားကာ သူနဲ့ယှဉ်ရင် ယုန်နဲ့ ကျားလို့ အရပ်အမောင်းအရွယ်အစားချင်း ကွာခြားလွန်းတာ၏။မျက်ရစ်တစ်ဖက်ဘဲရှိတဲ့ မျက်ဝန်းညိုတွေကလည်း စူးရှရှနိုင်ပြီး အကြည့်တစ်ချက် တုန်လှုပ်သွားစေနိုင်အောင် ညို့ချက်ပြင်းတာကြောင့် အမြင်ကပ်ဖို့ ကောင်းလှသည်..

Pheromones တွေသိမ်းပြီး ထိုအနားကနေအမြန်သာထွက်လာလိုက်တော့သည်။

* ကျစ်! ခွေးသူတောင်းစားတွေ နောက်ယှက်လို့ အကင်စားမဲ့ အစီစဉ်တောင်ပျက်သွားပြီ..*

စိတ်ထဲကနေလည်း ဟိုအယ်လ်ဖာအစုတ်တွေကို ကျိန်ဆဲနေမိ၏။

~

~

~

" ဂွန်းဟူ ...မင်း ဟိုဘက်ကို ပြေး..ငါ ဒီဘက်ပြေးမယ်.."

ဂျီမင်က လက်ဆွဲပြီးပြေးလာတာကို ရပ်ပြီး ဂွန်းဟူကို ညာဘက်လမ်းကြားထဲပြေးခိုင်းလိုက်ပြီး သူက ဘယ်ဘက်လမ်းကြားထဲဝင်ပြေးလိုက်သည်။

" ရွှီးးး ရွှီးးးး ရွှီးးးး "

" sh*t ..သူတို့တွေ လိုက်နေတုန်းဘဲဟ! သွားတော့ ဟေ့ဟျောင်! "

" ဟုတ်ပြီ ဂျီမင် ဂရုစိုက်နော်.."

" အွန်း! "

စကားပြောနေတုန်း ဝစီမှုတ်သံနဲ့ အတူ ပြေးလာသံတွေကြားတော့ နှစ်ယောက်သား လမ်းခွဲပြီးပြေးလိုက်ကြ၏။

" ဟူးးးး ဆောက်ရဲတွေ အခုမှလာပြီး အဖမ်းကောင်းနေတယ်...ဟူးး မောလိုက်တာ.."

ဂွန်းဟူ လမ်းဘေးက အုတ်ခုံလေးပေါ်မှာ ထိုင်ပြီး အမောဖြေလိုက်သည်။

" ကျစ်! Pheromones တွေထွက်နေတုန်းဘဲ.."

ခူနက ဟိုအကောင်တွေ ရဲ့ pheromones တွေကြောင့် အလိုလိုတုန့်ပြန်မိတဲ့ သူ့ရဲ့ ဇီဇဝါ pheromones ‌‌တွေထွက်‌နေတာကြောင့် စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး pheromones မပျံ့အောင်ထိန်းလိုက်သည်။

A Lover of Mafia ( Complete )On viuen les histories. Descobreix ara