Part -33

1.8K 121 37
                                    


# Unicode #

ဂျီမင်မှာ လက်ထဲက လှံကို ကျစ်နေအောင်ကိုင်ကာ ဖြိုခွင်းနေသော်လည်း အားကြီးတဲ့ အရာက ‌ကာဆီးထားသလို လိုရာမရောက်ပေ..

" အစ်..အစ်ကို နမ်ဂျွန်း!! ကျွန်..ကျွန်တော် မတောင့်ခံနိုင်လောက်ဘူးထင်တယ်! အင့်! "

ဂျီမင်က အားကုန်သုံးနေရတဲ့ မျက်နှာနဲ့ပြောတော့ အားလုံးစိတ်ပူသွား၏။

" ဘဲကြီး ! တစ်ခုခု လုပ်ပါအုံး..ဂျီမင် မလုပ်နိုင်တော့ဘူးလား မသိဘူး..! ဖြန်း! ဖြန်း! "

ဆော့ဂျင်က နမ်ဂျွန်းရဲ့ လက်မောင်းကို ရိုက်ကာ ဂျီမင်ကို ကူဖို့ပြောနေသည်။

" ချာတိတ်! ချာတိတ်ရဲ့ လက်နက်နဲ့ ဂွန်းဟူ..ဂွန်းဟူမှာ လက်နက်ရှိရင်လည်း ဖြိုကြည့်! အကာရံက စက်ဝိုင်းအကာရံတစ်ခုတည်းမဟုတ်ဘူး..နောက်ထပ်အကာရံတွေ ရှိနေလို့ ဂျီမင် လုပ်လို့မရတာ! "

နမ်ဂျွန်း စကားဆုံးတာနဲ့ ဆော့ဂျင်နဲ့ ဂွန်းဟူက မျက်လုံးကို မှိတ်ပြီး သူတို့ရဲ့ လက်နက်တွေကို ယူကာ ဂျီမင်နဲ့ အတူ အကာရံကို ဖျက်ဖို့ကြိုးစားလိုက်၏။

" အင့်! ဂျစ်! ဂျစ်! ဂျစ်! "

" ရားး ဂလုံ! ဂွမ်း...ဂွမ်း! ဂလုံ!"

" အီးး ဒုတ်! ဒုတ်! ဒုတ်! "

ဂျီမင်ရဲ့ လှံက ထွက်တဲ့ အစွမ်းက အရံတားကို ထိဝောာ့ ဂျစ် ဂျစ် မြည်သံထွက်နေပြီး..ဆော့ဂျင်က ဒယ်ပြားကို ကိုင်ကာ လေထဲ တဝီးဝီးနဲ့ ဘယ်ညာရမ်းနေလို့ ထွက်လာတဲ့ အစွမ်းတွေက အရံတားကို ထိသွားတဲ့ အခါမီးဖိုချောင်က ပန်းကန်တွေ ကျကွဲသံလို ထွက်လာ၏။

ဂွန်းဟူရဲ့ လေးဂွကြီးကလည်း ကြိုးဆွဲလိုက်တိုင်း လောက်စလုံးလို အစွမ်းညိုညိုလေးတွေ ထွက်လာပြီး တ ဒုတ် ဒုတ် နဲ့ အရံတားကို ဖွဲခွင်းနေ၏။အားလုံးရဲ့ အမြင်မှာ လှံရှည်ကြီးကို လေထဲ မြောက် နေတဲ့ ဂျီမင်... ဒယ်ပြားကြီး တရမ်းရမ်းနဲ့ ဆော့ဂျင်..လေးဂွကြီးကို လက်တစ်ဖက်ဖြင့် မနိုင်မနင်းကိုင်ပြီး ပစ်နေတဲ့ ဂွန်းဟူ တို့ရဲ့ ပုံစံက အူကြောင်ကြောင် နိုင်ပေမဲ့ တကယ်လည်း အသုံးဝင်သလို..ဆိူင်သူကြီးတွေကလည်း ကြောက်စရာကြီးတွေမို့ မရယ်ရဲကြပေ..

A Lover of Mafia ( Complete )Where stories live. Discover now