Part -18

2.6K 140 104
                                    

# Unicode #

" ဟုတ်တယ် သေဆုံးသွားပြီ ဒါပေမဲ့ တာဝန်တွေက မပြီးဆုံးသေးတော့ ပြန်လည်မွေးဖွားလာကြတယ်..အရင်ကထက် သန်မာတဲ့ ပုံစံတွေနဲ့ပေါ့.."

နမ်ဂျွန်း စကားတွေက စိတ်ဝင်စားဖို့ကောင်းသလို ရှုပ်ထွေးနေ၏။

" ဒါဆို ဧကရီက ဘယ်မှာလဲ...ကျွန်တော်တို့ကို အန္တရာယ်ပေးတဲ့ လူတွေက ဧကရီနဲ့ ပတ်သတ်နေလို့လား...ကျွန်တော်တို့က ဧကရီ့ကို မှ မသိကြတာ.."

ဆော့ဂျင်က တွေးဆဆနဲ့ပြောတော့ ဂျီမင်တို့လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံကြသည်။

" ဧကရီနဲ့ ပတ်သတ်နေလို့ အန္တရာယ်ပေးတာ....အစ်ကိုပြောတာတွေကို သေချာနားထောင်စေချင်တယ်... "

" အစ်ကိုရဲ့ မျိုးနွယ်က စန္ဒကူး မျိုးနွယ်ရဲ့ စစ်သူကြီး မျိုးနွယ်ဝင်တွေ...ဧကရီ သေဆုံးသွားတော့ စောင့်ရှောက်သူတွေလည်း သေဆုံးခဲ့ကြတယ်.. အစ်ကို့တို့ မျိုးနွယ်ဝင်တွေက ဧကရီ့ရဲ့ အရိုးပြာကို ယူပြီး ပြန်လည်မွေးဖွားနိုင်အောင် စောင့်ရှောက်ခဲ့ကြတယ်...အစ်ကိုရဲ့ ဘိုးဘေးတွေက ဧကရီ ပေါ်လာတာနဲ့ ဧကရာဇ်နဲ့ စောင့်ရှောက်သူတွေကို ရှာဖို့ တာဝန် ယူခဲ့တယ်..."

" အခု ရှာတွေ့ပြီလား ."

" တွေ့ပြီ ယွန်ဂီ.."

" အစ်ကို ဘယ်လိုရှာတာလဲ ဧကရာဇ်နဲ့ စောင့်ရှောက်သူတွေကို ရှာဖို့ မလွယ်လောက်ဘူးမလား.."

ဂွန်းဟူ က မေးတော့ အားလုံးက နမ်ဂျွန်းရဲ့ အဖြေကို စိတ်ဝင်တစားဖြစ်နေကြသည်။

" ဟုတ်တယ် မလွယ်ဘူး..ဒါ့ကြောင့် ဘိုးဘေးတွေက စကားဝှက်လေးနဲ့ ပြောပြခဲ့သလို ..စောင့်ရှောက်သူတွေရဲ့ အမှတ်သားကိုလည်း မြင်နိုင်အောင် လုပ်ပေးခဲ့တယ်..အဲ့တာတွေကြောင့် အစ်ကိုရှာတွေ့ခဲ့တာ.."

" စောင့်ရှောက်သူတွေရဲ့ အမှတ်သား~.."

" အွန်းးးဟုတ်တယ်..သေချာနားထောင်နော် အစ်ကို စောင့်ရှောက်သူတွေကို ရှာဖို့ ပထမ စကားဝှက်ကို ရွတ်ပြမယ်.."

နမ်ဂျွန်းပြောတော့ အားလုံးက စိတ်ဝင်တစားဖြစ်သွားကြ၏။သခင်ကြီးကလည်း သိချင်စိတ်ပြင်းပြနေတဲ့ အိုမီဂါလေးကို ကြည့်ပြီး အပြုံးတစ်ခု နှုတ်ခမ်းထက် ဆင်လိုက်ကာ...ကိုယ်သေးသေးလေးကို ပေါင်ပေါ်တင်လိုက်သည်။

A Lover of Mafia ( Complete )Where stories live. Discover now