Part-35

1.9K 122 50
                                    

# Unicode #

သွေးနီလ ပြန်ပြီး မကွယ်ခင် နှလုံးကို အသက်သွင်းထားတဲ့ ဓားကိုယူကာ အားပြင်းပြင်းနဲ့ ဧကရီ့ရဲ့ နှလုံးတည့်တည့်ကို ထိုးစိုက်ဖို့ ပြင်လိုက်သည်။

" ဝုန်းး "

ဓားက ဧကရီ့ကို မထိဘဲ တစ်ခုခုက ကာရံထားသလို ဖြစ်နေကာ ထိုးမရပေ..တပြိုင်တည်းကြည့်လိုက်ဝောာ့ ရွှေဝါရောင် အလင်းတန်းတွေက ဧကရီ့ကို ဖုံးအုပ်ကာ ရစ်ပတ်ထား၏။

" ဟင်! ဒါက..ကာကွယ်သူ စွမ်းအားဘဲ!! "

ကာကွယ်သူ စွမ်းအားရဲ့ အောက်ဘက် ဧကရီ့ရဲ့ နှလုံးဝန်းကျင်မှာ ပန်းနုရောင် စွမ်းအင်တို့က ရစ်ပတ်နေသည်။

" ပန်းနုရောင်စွမ်းအင်က စောင့်ရှောက်သူတို့ရဲ့ စွမ်းအား!! "

တဖန် အနီရောင် စွမ်းအားကြီးတစ်ခုက သူနဲ့ ဧကရီကြားထွက်ပေါ်လာပြီး တံတိုင်းသဖွယ် ကာခြားထား၏။

" သေချာပေါက် တံတိုင်းစွမ်းအင်ပေါ့! "

" မဖြစ်ရဘူး သူတို့တွေ နေရာကို အလွယ်တကူ ရှာမတွေ့နိုင်ပါဘူးး "

သွေးရူးသွေးတန်းနဲ့ လက်ထဲက ဓားဖြင့် ဧကရီကို ထိုးစိုက်ဖို့ပြင်လည်း ကာရံထားတဲ့ အစောင့်ရှောက်စွမ်းအင် သုံးခုကြောင့်! ထိုးဖောက်လို့ မရပေ..

" ဟက်! မရတာကို ထိုးဖောက်နေတာ ဆောက်ရမ်း ရူးတာဘဲ!! "

အစီရင် အပြင်ဘက်ကနေ ကြားရတဲ့ ရယ်သံသဲ့သဲ့ နဲ့ လှောင်ပြောင်စကားကြောင့် လှည့်ကြည့်လိုက်မိတော့ ဧကရီ့ရဲ့ အစောင့်အရှောက်တွေ အကုန်ရောက်နေကြ၏။

~

~

~

" ဘဲ..ဘဲ ကြီး ! လ ..လထွက်လာပြီ.."

ဆော့ဂျင်က ကောင်းကင်ကို လက်ညိုးထိုးပြီး ပြောလာသဖြင့် သူတို့ မော့ကြည့်လိုက်တော့ တကယ်ပင် လနီထွက်နေပြီ..

ကိုးနာရီလည်း ထိုးပြီ ဖြစ်သလို လနီလည်း ထွက်လာတာကြောင့် အားလုံး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ကုန်သည်။တစ်ချိန်တည်းမှာပင် ဟိုဆော့နဲ့ ဂွန်းဟူတို့ ရဲ့ စွမ်းအားတွေလည်း အချိန်ပြည့်ပြီမို့ ပျောက်ကွယ်သွားကြပြီး အရင်ကလို အမှောင်တိမ်တွေနဲ့ မြူတွေက ကြီးစိုးလာ၏။

A Lover of Mafia ( Complete )Onde histórias criam vida. Descubra agora