Part -16

2.7K 137 77
                                    

# Unicode #

" ဟက်! ဘယ်သူတွေဘဲ ဖြစ်ဖြစ် ငါတို့က လုပ်ရဲသေရဲတဲ့သူတွေ အဲ့တော့ မင်းတို့ သက်တမ်းဒီနေ့ ကုန်ဆုံးပြီ.."

ထိုလူ့ရဲ့ စကားကြောင့် သူတို့ ကြောက်နေတဲ့ မျက်နှာလေးတွေနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ဘာလုပ်ကြ မလဲဟူသော အကြည့်ဖြင့်သာ ကြည့်နေမိသည်။

" Jasmine, Lotus, gardenia သုံးဖော် ...အခုလိုပုံကြတော့လည်း အားနည်းသားဘဲ!! "

သူတို့ရဲ့ ခေါင်းဆောင် ပြောပြခိုင်းလို့ ဂျိတ်ခ်က ပြောပြသဖြင့် သူတို့
အကုန်လုံးမသိသော်လည်း စောင့်ရှောက်သူတွေနဲ့ အစွမ်းကိုတော့ သိပြီးပြီးမို့ သတိထားတိုက်ဖို့ ဂျိတ်ခ်က ပြောပေမဲ့ အခုဝောာ့ စောင့်ရှောက်သူတွေက သူတို့ဘာမှတောင်မလုပ်ရ‌သေးဘဲ ကြောက်ဒူးတုန်နေပြီ..ပုရွက်စိတ်လေးသတ်သလို လွယ်ကူသည်။

ဂျီမင်တို့ သူတို့ကို ကြည့်ပြီး ပန်းနာမည်တွေရွတ်သွားတာကြောင့် ကြောက်နေသည့်ကြားကအူကြောင်ကြောင်ဖြစ်သွား၏။

" ဘာ....ဘာတွေပြောနေတာလဲ..ခင်ဗျားရွတ်လိုက်တဲ့ နာမည်တစ်ခုမှ ကျွန်တော်တို့ထဲမှာ မရှိဘူး!!!.."

ဆော့ဂျင်က ခပ်စွာစွာအသံနဲ့ ပြောလိုက်တော့ ကျန်တဲ့ နှစ်ယောက်က ခေါင်းတငြိမ့်ငြိမ့်...

" ဟက်! ထားပါ! သိစရာမလိုဘူးး ကဲ! ဟေ့ဟျောင်တွေ လတ်စဖြတ်တော့!!! "

ထိုသူက အမိန့်ပေးလိုက်တာနဲ့ သူတို့ဆီကို လက်နက်တွေ ထုတ်ကာ လျှောက်လာကြတဲ့ လူ‌တွေ..

" ဂျီမင်တို့..သူတို့ပုံစံကြည့်ရတာ ငါတို့ကို အသေသတ်မဲ့ ပုံရှိတယ်.."

" ဟုတ်တယ် ဂွန်းဟူ..ငါတို့ ဘာလုပ်ကြမလဲ..ဦးးရဲ့ အဖြေမရသေးဘဲ မသေချင်သေးဘူး..."

"အရေးထဲ မင်းကတစ်မျိုး အခု ငါတို့ သူတို့လက်ကနေလွတ်အောင်လုပ်ရမှာ.."

သုံးယောက်သား နောက်ဆုတ်နောက်ဆုတ်နဲ့ တိုးတိုးပြောနေကြသည်။

" မင်းတို့ ပြေးလမ်းမရှိပါဘူး...အညင်သာဆုံးနည်းနဲ့ သေအောင်သတ်ပေးမှာပါ.."

" ရပ်! ရပ်လိုက်နော်..ငါတို့ကို ဘာမှတ်နေလဲ..အခုရပ် မဟုတ်ရင် အကုန်သေမယ်.."

A Lover of Mafia ( Complete )Where stories live. Discover now