Part -19

2.3K 128 48
                                    

# Unicode #

" ဧကရီ..အသင် တို့ကို အမိန့်ပေးတယ် ဧကရီ့ရဲ့ တိုင်းပြည်ထဲကို ခိုးဝင်လာတာ ပြစ်မှုမြောက်တာမို့ အပြစ်လျော့စေချင်ရင် အသင်တို့ လူကိုယ်တိုင်ထွက်ပြီး ဧကရီ့ကို တောင်းပန်ပါ..."

ဧကရီရဲ့ တယောသံလို ချိုသာလှတဲ့ အသံလေးအဆုံးမှာထွက်ပေါ်လာတဲ့ လူ လေးဦး..
တည်ငြိမ်ရင့်ကျတ်ပြီး ယောကျာ်းပီသတဲ့ အသွင်နဲ့ ခန့်ညားတဲ့ ရုပ်ရည်တွေနဲ့ အရောင်ဝါထွက်နေတဲ့လူတွေ က သာမန်လူဖြစ်ပုံမရပေ...

တလှမ်းချင်းစီ လျှောက်လာပုံက မာန်အပြည့်နဲ့ ကေသရာဇာ ခြင်္သေ့တွေ အလားပင်..

သူတို့လည်း ကျောချင်းကပ်လျက်မှ ဧကရီရဲ့ ဘေးနားမှာ နေရာယူကာ အသင့်‌အနေထားပြင်ပြီး တိုက်ခိုက်ဖို့ စောင့်နေလိုက်သည်။

ညို့ချက်ပြင်းပြီး ဆွဲအားကောင်းတဲ့ မျက်လုံးပိုင်ရှင်တွေကြောင့် သူ့တို့ရဲ့ ရင်‌ထဲမှာ လှိုင်းလေးတွေ လှုပ်ခတ်သွားသည်မှာအမှန်ပင်...မမှိတ်မသုန်စိုက်ကြည့်နေတဲ့ အကြည့်ပိုင်ရှင်တွေရဲ့ ခြေလှမ်းများက သူတို့ ရှေ့ သုံးတောင်( ရှေးခတ်အတိုင်းအတာ ) အကွာအဝေးမှာရပ်သွားသည်။

အကြည့်တွေကတော့ မရပ်သေးဘဲ စူးစိုက်ပြီးကြည့်နေကကတာကြောင့် သူတို့ နေရခက်လာ၏။

" အ..အသင်တို့က ဘယ်သူလဲ..! "

တိတ်ဆိတ်မှုကို ဖြိုခွင်းရန် Jasmine က မေးလိုက်သည်။

" အသင်တို့က စန္ဒကူးမျိုးနွယ်စုက မဟုတ်တန်ရာ..အသင်တို့က အခြားတိုင်းတစ်ပါးမျိုးနွယ်ဝင်ဖြစ်ရမည်..အဘယ် မျိုးနွယ်စုကလဲ.."

Gardenia ကလည်း လူလေးယောက်ရဲ့ ရုပ်အသွင်ကို ကြည့်ပြီး မေးလိုက်သည်။

" အဘယ် အကြောင်းကြောင်းကြောင့်..အကျွန်ုပ်တို့ နယ်စပ်တောအုပ်ကို ရောက်နေရပါသနည်း.."

Lotus လည်း ထပ်ပြီးမေးလိုက်သည်။ဧကရီက ဘာမှ ဝင်မပြောဘဲ တစ်ခုခုကို စဉ်းစားနေပုံရ၏။

" ကျွန်ုပ်တို့က နတ်ဝံပုလွေ မျိုးနွယ်စုကပါ.."

အသားဖြူလွန်းသည့် တစ်ယောက်ရဲ့ အဖြေကြောင့် ဧကရီ အပါအဝင် သူတို့ကပါ အံ့ဩသွားသည်။နတ်ဝံပုလွေ ဆိုတာ werewolves မျိုးနွယ်စုတွေရဲ့ အကြီးအကဲမျိုးနွယ်ဝင်တွေပင်...ဒါကြောင့်လည်း ထိုလူတွေရဲ့ ရုပ်ရည်နဲ့ ကိုယ်ရောင်ဝါက ထူးဆန်းနေတာကို..

A Lover of Mafia ( Complete )Where stories live. Discover now