Part -20

2.2K 128 84
                                    

# Unicode #

" ဝံပုလွေနက် မျိုးနွယ်တွေက မိစ္ဆာရဲ့ သွေးသားက‌နေဆင်းသက်လာပြီး မျိုးနွယ်စု တစ်ခုလုံးက မကောင်းတဲ့ မှော်အတတ်ကို ‌တတ်မြောက်ကြတယ်..အမှောင်လောကရဲ့ ဘုရင်လို့ ပြောကြတဲ့ ဝံပုလွေနက်မျိုးနွယ်စု ဘုရင်က အင်အားကြီးတယ်..ပိုဆိုးတာက သူရဲ့ အဖ က မိစ္ဆာမျိုးနွယ်စုခေါင်းဆောင်ဘဲ ဒါကြောင့် သူရဲ့ သွေးထဲမှာ မကောင်းတဲ့အရာတွေ စီးဝင်နေသလို..မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံအောင်မြင်ထားတာကြောင့် သူ့ကို ယှဉ်ဖို့ခက်ခဲတယ်.."

အကြံပေးအမတ် နမ်ဂျွန်း ရှင်းပြတာကို အားလုံးက သေချာနားထောင်နေကြ၏။

" သူရဲ့ စွမ်းအားနဲ့ နယ်မြေတိုးချဲ့လိုစိတ်ရှိရင်အခြားမျိုးနွယ်စုတွေကို အသာလေးသိမ်းပိုက်လို့ရနေတာတောင် အဘယ်ကြောင်းကြောင့် ဧကရီရဲ့ ကျောက်ရတနာကို လိုချင်တာပါလိမ့်..."

Jasmine ရဲ့စကားကြောင့် အားလုံးခေါင်းထဲ မှာ အတွေးတွေ စုသွား၏။ကျောက်ရတနာကို လိုချင်တာ တခြား မကောင်းတဲ့ ရည်ရွယ်ချက်များရှိနေပါမည်လားး

" ကျောက်ရတနာက နတ်ဆိုးတွေကို နိုးထစေနိုင်တဲ့ တစ်ခုတည်းသောအရာလေ ..ပြီးတော့ ကမ္ဘာ့ လေထု ၊ရေထု ကို ထိန်းချုပ်နိုင်ပြီး အနာရောဂါဘယတွေကို အရှင်းပျောက်ကင်းစေနိုင်တဲ့ အစွမ်းကြောင့်ဘဲ.."

" ဒါဆို သူ့ရဲ့ ရည်ရွယ်ချက်က နတ်ဆိုးတွေကို နိုးထစေပြီး ကမ္ဘာကြီးကို ဖျက်စီးပြီး သူက မင်းမူဖို့လား ..."

" ဟုတ်တယ် .."

အကြံပေးအမတ်ကြီးရဲ့ စကားအဆုံး Gardenia ကမေးလိုက်တော့ အကြံပေးအမတ်က ခေါင်းငြိမ့်ပြ၏။ကျန်တဲ့သူတွေကတော့ စိုးရိမ်စိတ်ကိုယ်စီနဲ့ ငြိမ်သက်နေကြသည်။

" ဧကရီ..တကယ်လို့ တိုက်ပွဲမှာ တစ်ခုခု ဖြစ်ခဲ့ရင် ဧကရီက လွတ်မြောက်ရာကို ထွက်ပြေးတိမ်းရှောင်တော်မူပါ.."

" ဟင့်အင်.. Lotus..ဧကရီ မလုပ်နိုင်ဘူး...ဘာတွေဘဲ ဖြစ်လာ ဖြစ်လာ ဧကရီ အသင်တို့နဲ့ အတူ ရင်ဆိုင်မယ်.."

" ဒါပေမဲ့..ဧကရီ~.."

" ဒါက ကျွန်ုပ်ရဲ့ ဆန္ဒဘဲ Gardenia ..."

A Lover of Mafia ( Complete )Where stories live. Discover now