Part -30

2.1K 121 57
                                    

# Unicode #

" လေ့ကျင့်ရတာ အဆင်ပြေလား အသေးလေးတို့ .."

ထယ်ယောင်း ပြင်ဆင်ပေးထားသည့် အခန်းကျယ်ထဲမှာ သူတို့ လေးယောက်လေ့ကျင့်နေတုန်း အနားကို ရောက်လာပြီး မေးလာတဲ့ ယွန်ဂီ..

" ပြေပါတယ် ဦး "

" ပြေပါတယ် အကို ယွန်ဂီ..."

‌ဂျောင်ဂု တို့ လေ့ကျင့်နေတာကို ရပ်ပြီး ဖြေလိုက်သည်။

" ဦးက ဒီကို ဘာလာလုပ်တာလဲဟင်.."

" ဟုတ်တယ်..မောင်တို့ရော မပါဘူးလား.."

ဂျီမင်နဲ့ ဂွန်းဟူက မေးတော့ ယွန်ဂီက လေးယောက်လုံးကို သေချာစိုက်ကြည့်နေ၏။

" အစ်ကိုက မင်းတို့ကို လေ့ကျင့်ပေးမယ့် သူဘဲ..မကြာခင် အခြေနေတွေက ဘယ်လိုဖြစ်မယ်မှန်း ကြိုမသိနိုင်ဘူး အဲ့တော့ အစ်ကိုတို့ဘက်က သေချာပြင်ဆင်ထားမှ ရမယ်.."

" ဘာကို ပြောတာလဲ ဦး.."

" တံပုလွေနက် ဘုရင် ပေါ်လာပြီ...မကြာခင်သူ့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ဧကရီ့ကို ယူဖို့ကြိုးစားလိမ့်မယ်..ဧကရီ့ကို ရမှ မှော်ကျောက်ကို ရနိုင်မှာ အားလုံးအသိဘဲ.."

ယွန်ဂီက ဂျောင်ဂုကို ကြည့်ပြီး ပြောလိုက်တော့ အားလုံးကလည်း ဂျောင်ဂုကို ဝိုင်းပြီးကြည့်လိုက်သည်။

" ဂျောင်ဂု အဲ့ဆို ငါတို့ ပေါ့နေလို့မဖြစ်ဘူးနော် အထူးသဖြင့် ကျောက်က မင်းနှလုံးထဲမှာ ရှိနေတာမို့ ပိုပြီး အန္တရာယ်များတယ်.."

ဆော့ဂျင်ကပြောတော့ ဂျောင်ဂု ခေါင်းငြိမ့်ပြလိုက်သည်။

" ခ‌နနေရင် သခင်ကြီးတို့ သုံးယောက်ရောက်လာလိမ့်မယ်.."

" ဘာဖြစ်လို့လဲ အစ်ကို.."

" တွဲဖက် လေ့ကျင့်ရမှာမလို့ သူတို့ပါရောက်လာမှာ..အခု နမ်ဂျွန်းနဲ့ အတူ စာလွှာထဲက လျှို့ဝှက်ချက်တွေ ရှာနေကြတယ်.."

" စာလွှာ!! "

သူတို့သုံးယောက်လုံး တစ်သံတည်းထွက်သွားကြ၏။

" အွန်း! နမ်ဂျွန်းရဲ့ အဘိုးပေးခဲ့တဲ့ ဧကရီ့ အကြောင်းရေးထားတဲ့ စာအုပ်ထဲက လျှို့ဝှက်ချက်အချို့ကို သွားရှာတာ..အဲ့စာအုပ်တည်းက အကြောင်းရာတစ်ချို့ကို နားလည်အောင်လုပ်နိုင်မှ ဟိုလူ့ကို တိုက်နိုင်မှာ.."

A Lover of Mafia ( Complete )Where stories live. Discover now