Part -26

2.2K 109 60
                                    

# Unicode #

" ဟားးး ဟားးး အေ့! ဘဲကြီးလည်း အိပ်ပြီ! ဟားး "

ကနေရင်း ရယ်ကာ စကားတွေပြောနေတဲ့ ဆော့ဂျင် ..

" ဟားး ဟားးး ‌ကရတာ! အေ့! မောလိုက်တာ! ဟားး ဟားး "

" နေရာသွားပြီး..အေ့! မုန့်စားရမယ်..ဟားး ဟားး "

တဟားးဟားး နဲ့ရယ်ကာ သူတို့ရဲ့ စားပွဲမှာဝင်ထိုင်ပြီး မှာထားတဲ့ မုန့်တွေကို ထိုင်စားနေတဲ့ဆော့ဂျင်..

" ဟင်! ဘဲကြီး! "

" ဒုတ်! "

စားနေရင်း မျက်လုံးရှေ့မှာ မြင်လိုက်ရတဲ့ ဘဲကြီးကြောင့် ဆော့ဂျင်လက်ထဲက တူမှာ ပြုတ်ကျသွားသည်။

" ဟင်! မဟုတ်ပါဘူး အေ့! ဘဲကြီးက အိမ်မှာ ခလူး ခလူး ဆိုပြီး အိပ်ပျော်နေတာပါ..အစ်! "

မျက်လုံးတွေကို ပွတ်သပ်ကြည့်ပြီး ပြောလာတဲ့ ဆော့ဂျင်..

" ဒီဘဲကြီးက အမွှာတွေ ထွက်နေပါလား..အေ့! မဟုတ်မှ အိပ်ဆေးလွန်ပြီး ဘဲကြီး သေသွားတာလား! အစ်! "

ပြောချင်ကာပြောပြီး ကြောက်နေတဲ့ ဆော့ဂျင်..

" အားးး ဘဲကြီးးး သရဲ..သရဲ ဘဲကြီးးး "

အသံကျယ်ကြီးနဲ့ ထအော်တာကြောင့် နမ်ဂျွန်းမှာ လန့်သွားရသလို ကနေတဲ့လူတွေတောင်သူ့တို့ဘက်ကို မသိမသာ လှည့်ကြည့်ကြ၏။

" ဟာ! ချာတိတ်! ကိုယ်ပါ..သရဲမဟုတ်ဘူး.."

နမ်ဂျွန်းက ဆော့ဂျင်နားသွားပြီး ပြော‌လိုက်တော့ မျက်လုံးပြူးကာ ပြန်ကြည့်လာတဲ့ ဆော့ဂျင်..

" အေ့! မဟုတ်ဘူး! ဘဲကြီးက အေ့! အိပ်ပျော်နေပြီ..မင်းက ဘဲကြီး မဟုတ်ဘူး! သရဲ!! .."

" အားးး အိုမားးရေ..ဘဲကြီး သရဲလာခြောက်နေတယ်..အီးးးး အေ့! "

" ဟာ! ချာတိတ် မငိုရဘူးလေ..ကိုယ်က လူပါ.."

သူပြောမှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး ငိုလာတဲ့ ဆော့ဂျင်..

" အိုမားရေ..ဘဲကြီးကလေ သူ့ကိုယ်သူ သေမှန်း မသိဘဲ လူပါတဲ့ အေ့! ဘဲကြီးရေ! ခင်ဗျားက သေပြီ...ဟင့်! သရဲတောင် တစ်ယောက်တည်းမဟုတ်ဘူး ကိုယ်ပွား အများကြီးနဲ့ အေ့! ဘဲကြီးရေ..ကျွန်တော်က မယူရသေးဘဲ မုဆိုးမ အဲ မုဆိုးဖို ဖြစ်ရပြီ အီးးးး အေ့! "

A Lover of Mafia ( Complete )Where stories live. Discover now