Part -11

2.5K 134 107
                                    

# Unicode #

" ရားးးး ပါကင်ဖောက်တဲ့အကြောင်းပြောမလို့ပါဆိုနေ! ချ! ဘုန်း! အခု ချပေးနော်! ဘုန်း! "

ပြော‌ပြီး ကျောပြင်ကို တဘုန်းဘုန်းရိုက်နေတာကြောင့် လူက အဆုတ်ကွာချင်သလို ဖြစ်လာ၏။ချာတိတ်လက်ဆကတော့ တကယ်ပြင်းတာ..ငြင်းလို့မရပေ...

" ဟိတ်! ငြိမ်ငြိမ်နေနော် ချာတိတ် မဟုတ်ရင် ကိုယ် လွှတ်ချလိုက်မှာ အဲ့ကျမှ ချာတိတ် ထိပ်ပေါက် ခေါင်းကွဲ ခြေကျိုး လက်ကျိုး မလှမပဖြစ်မှာ.."

" ဟင့်အင်! ပစ်..ပစ်မချနဲ့နော် ..အေ့! သေချာလေးချီထား..ပြုတ်ကျလို့ အေ့! မျက်နှာ‌ချောချောလေး ဒဏ်ရာရသွားရင် ရုပ်ဆိုးသွားလိမ့်မယ်...အေ့! သေချာချီနော်.."

သူ့စကားကြောင့် ပခုံးပေါ်က ကောင်လေးက ငြိမ်ကျလာပြီး ပြုတ်ကျမှာဆိုးလို့ သေချာချီဖို့ပြောလာတာကြောင့် နမ်ဂျွန်းအကြံအောင်မြင်သဖြင့် ပြုံးလိုက်မိသည်။

ဟိုတယ်က အခန်းတစ်ခန်းကို ငှားပြီး ချာတိတ်ကို သိပ်လိုက်သည်။ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ချာတိတ်က ကလေးလေးတစ်ယောက်လို ဖြူစင်လှ၏။

စံပယ် ရနံ့ရှိတဲ့ အိုမီဂါလေးက စံပယ်ပန်းလေးလို ပစ်ချက်မရှိလှပသည်။ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိကာ..အဖြူထည်ပန်းလေးပေမဲ့ မြင်သူတိုင်းရင်အေး‌ပြီး စိတ်ချမ်းမြေ့စေတဲ့ စံပယ်ပန်းလေးနှယ် တူလှ၏။ဒါကလည်း စောင့်ရှောက်သူ Jasmine ရဲ့ စွမ်းရည်တစ်ခုပင်...

" အင့်! ဘယ်သူကြီးလဲ! "

အတွေးများနေတုန်း ချာတိတ်က ထထိုင်လာကာ မပွင့်သည့် မျက်လုံးကို အတင်းဖြဲကြည့်ပြီး လက်ညိုးထိုးကာ မေးလာသည်။

" ကိုယ်ပါ! "

" ညာတယ်! ခေါင်းကြီးရှိနေတာကို ကိုယ်ပါ လို့ဘာလို့ညာပြောလဲ..ဒီခေါင်းကြီးက ဘယ်ခွေးချီသွားလို့လဲ.."

သူ့ရဲ့ ခေါင်းကို လက်နှစ်ဖက်ဖြင့်ဆွဲပြီး လှုပ်ကာ ခါရမ်းပြီးပြောနေတာ ခေါင်းကြီး ပြုတ်ထွက်မတတ်ပင်..

" အားး အားးး နာတယ် ချာတိတ်ရဲ့..ကိုယ်ဆိုတာ ကိုယ့်ကို ပြောတာ.."

A Lover of Mafia ( Complete )Where stories live. Discover now