Part -39( Final )

3.6K 166 57
                                    

# Unicode #

နှစ်နှစ်ခန့်ကြာသော်,

" ကင်မ်ထယ်ယောင်း! အခုထိ မပြီးသေးဘူးလား..!!! "

"ပြီးပါပြီး.. baby..ရာ လာပြီနော်."

အပေါ်ထပ်ကနေ ကလေးချီပြီး ဝုန်းဒိုင်း ဆင်းလာတဲ့ သခင်ကြီးနဲ့ အောက်ထပ်ကနေ ခါးထောက်ကာ စောင့်နေတဲ့ ဂျောင်ဂု!

မနက်စောစောစီးစီး Devil စံအိမ်ရဲ့ တေးသံသာတွေက ချိုမြိန်လွန်းသည်။

" baby..ဟီးး လာလေ.. သွားကြရအောင်.."

" ပေး! ယောင်းလေးကို! ဘာကြောင့် ဒီလောက် ကြာနေတာလဲ!! "

ထယ်ယောင်းလက်ထဲက ယောင်းလေးကို လက်လွှဲချီလိုက်ပြီး...မေးလိုက်၏။ခရီးလေးတစ်ခါထွက်ဖို့ ပြင်ပါတယ် သူ့ကို ပြန်စောင့်နေရတယ်..

" ကိုယ် လုပ်တာ ခနလေးဘဲ baby.. baby..သား‌ကြောင့်ပေါ့! ရေချိုးပေးလည်း အငြိမ်မနေ...အဝတ်စားလဲ ပေးတော့လည်းမျောက်ခြောက်နေတာဘဲ!!ပြီးတော့ အသက်ကသာ ငယ်တာ အလှပကလည်း မက်ပါ့! baby.သားက လုံးဝမကောင်းဘူး.."

ဆူပုတ်ပုတ်နဲ့ သားရဲ့ မကောင်းကြောင်း တိုင်လာတဲ့ ထယ်ယောင်း..

" baby...သား...baby..သားနဲ့..ခင်ဗျားသား မဟုတ်တာကျလို့..ကျွန်တော်က တစ်ယောက်တည်း လေဥ ဥပြီးမွေးလာတာဆိုတော့လေ!! "

ဂျောင်ဂုက စိတ်ဆိုးပြီးပြောလိုက်မိ၏။မကောင်းရင် baby..သား...ကောင်းရင်..ဒယ်ဒီ့သား လုပ်နေတာကြောင့်..ကြာတော့ အမြင်ကပ်လာပြီ..

ဂျောင်ဂု လက်ပေါ်က ဂျောင်ယောင်းလေးကလဘ်း ဆူပုတ်ပုတ်နှင့်ပင်..အကြောင်းက သူ့အကြောင်းပြန်တိုင်‌နေတဲ့ ထယ်ယောင်းကြောင့်ပင်

" ပါး..ဒယ်ဒယ်..ဆိုး! "

ဂျောင်ဂုရဲ့ လည်ပင်းကို သိုင်းဖက်ပြီး ပြောလာတဲ့ ယောင်းလေး..

" ဟုတ်ပါ့! ဒယ်ဒီက အတော်ဆိုးတာ..ပါးပါးရိုက်လိုက်မယ်နော်.."

" ရိုက်! ပါး! တုတ်ချီး..ချီး..နဲ့..ဂျ! "

" ဒါပေါ့..ပါးပါးက တုတ်ကြီးကြီးနဲ့ ရိုက်ပေးမယ် .."

သားအဖ နှစ်ယောက်ပေါင်းပြီး ထယ်ယောင်းကို အတိုင်အဖောက်ညီကာ ဆူနေတာမို့ ပြုံးလိုက်မိသည်။

A Lover of Mafia ( Complete )Where stories live. Discover now