Part -37

2.1K 120 34
                                    

# Unicode #

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု့တော့ သာမန်အိမ်အိုကြီး တစ်လုံးအတွင်းမှာသာဖြစ်နေသည်။

" သခင်ကြီးတို့ သွားရအောင်! "

" ခဏ! ယွန်ဂီနဲ့ ဂျီမင် အခြေနေရော! "

" ကျွန်တော်တို့ သက်သာသွားပါပြီ သခင်ကြီး .."

ဂျောင်ဂုက အချိန်မှီ ကုသပေးတာကြောင့် သူတို့ကိုယ်တွင်းမှာရှိတဲ့ ဒဏ်ရာတွေက သက်သာပျောက်ကင်းသွား၏။

" အဲ့ဆို သွားကြမယ်! ယွန်ဂီ အားလုံး အပြင်ရောက်တာနဲ့ အိမ်ကြီးကို ဖောက်ခွဲဖို့လုပ်!! "

" ဟုတ်ကဲ့ ! သခင်ကြီး "

အားလုံးကို ဒုက္ခရောက်စေတဲ့ ဒီနေရာကို အကောင်းတိုင်းမရှိစေ ချင်တာက ထယ်ယောင်းဆန္ဒအမှန်..

ယွန်ဂီလည်း ဆောင်ယူနေကျ ဗုံး အသေးလေးကို အိမ်အိုကြီးရဲ့ ‌တစ်နေရာမှာ ကပ်ထားလိုက်သည်။ဗုံးက သေးပေမဲ့ အားအရမ်းပြင်းတာကြောင့် လျှော့တွက်လို့ မရ။

အားလုံး အိမ်ကြီးရဲ့အပြင်ဘက်ကို ဘေးကင်းကင်းနဲ့ ရောက်ပြီး‌ဆိုမှ တော်တော်ဝေးတဲ့နေရာကို ရွှေ့ခိုင်းလိုက်ပြီး ယွန်ဂီက လက်ထဲက ခလုတ်ကို နှိပ်လိုက်သည်။

" ဖောင်းး "

" ဝုန်းးး "

ကြီးမားတဲ့ မီးဝောာက်မီးလျှံများနှင့်အတူ လောင်ကျွမ်းသွားတဲ့ အိမ်အိုကြီးကို သူတို့စိုက်ကြည့်နေမိ၏။

သူတို့လာစဉ်က ဖြတ်ကျော်ခဲ့တဲ့ ချောင်းကလည်း မရှိတော့သလို မကောင်းဆိုးဝါး ဝံပုလွေနက်များလည်း မရှိတော့ပေ... သူတို့ကို မြင်တော့ အူကြောင်ကြားဖြစ်နေတဲ့ ဂိုဏ်းသား အချို့က သဘောပေါက်သွားကြ၏။

တိုက်ခိုက်ရင်း ပျောက်ကွယ်သွားတဲ့ ဝံပုလွေနက်တွေက သူတို့ ခေါင်းဆောင်တွေရဲ့ လက်ချက်ကြောင့် ပျောက်‌ဆုံးသွားမှန်းသိသာလှသည်။

" သခင်ကြီး ပြန်ကြရအောင်..ကျွန်တော်တို့ ကားတွေ ဝောာစပ်မှာပါ!! "

ယွန်ဂီက ပြောတော့ ထယ်ယောင်းက ခေါင်းငြိမ့်ပြပြီး ဂျောင်ဂုကို ပွေ့ချီလိုက်သည်။

A Lover of Mafia ( Complete )Where stories live. Discover now