intro

1.2K 15 0
                                    

"မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်"

"အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး....ထူးသာရယ်"

သူ့ဆူရင် တုန်လှုပ်ကြောက်လန့်ပြီး နောက်‌ကျရင် ဒီပုံစံအတိုင်းပါပဲ။
အမေသင်းက သူ့သမီးဆူရင် ငါ့သမီး လှုပ်ရှားမှုနှေးကွေးတဲ့ ကလေးကို နင်က အားနေ ဆူနေငေါက်နေတော့တာပဲ ဆိုပြီး သူ့ကို ရိုက်ပြန်သည်။

ဒီလိုပဲ သူက မိကြိုင်ကိုစိတ်မရှည်လို့ ထိပ်ခေါက် အအေသင်းက သိရင် သူ့ကို ပြန်ခေါက်နှင့် ချာလပတ်လည်နေတော့တာ...

☘️☘️☘️

၇လနှင့် လမစေ့ဘဲမွေးလာ၍ အသက်နှစ်နှစ်မှာ ကိုယ်လက်နှုတ်လှုပ်ရှားမှုနှေးကွေးသည့် Audism ရောဂါခံစားနေရသည့် မေသင်းကြိုင်နှင့်

သူမနှင့် တစ်ညတည်း မွေးလာသည့် သူမထက်သုံးလကြီးသော
ဘုန်းကြီးကျောင်း၌ စွန့်ပစ်ခံထားရသည့် ကိုကြီးထူးသာတို့ဟာ အမေတစ်ယောက်တည်း၏ နို့ရည်ကို နှစ်ယောက်တူတူ သောက်သုံးခွင့်ရခဲ့သည် လူသားနှစ်ယောက်ပင်....

ကိုကြီးထူးသာကို ငယ်ငယ်လေးတည်းက ကြောက်ရသူမို့ သူမလိုနုံနုံထုံထုံမဟုတ်ဘဲ သွက်လက် ဖြတ်လက်သည့် ကိုကြီးထူးသာက သူမအထင်ကြီး မော့ငေးနေရသည့် လူသားတစ်ယောက်ပါ။

ကိုကြီးထူးသာက ဆူပူ ထိပ်ခေါက်တက်ပေမယ့် သူမကို သူများတွေ အနိုင်ကျင့်လှောင်ပြောင်ရင် အရှေ့ကကာကွယ်ပေးတက်ပြန်သည်မို့ ကိုကြီးထူးသာကိုသူမချစ်ပါသည်။

သို့သော် တော်လွန်းထက်လ‌ွန်းသည့် ကိုကြီးထူးသာ၌ သူနှင့်ထပ်တူ ထက်မြတ်သည့် မမခိုင် ဆိုသည့် မိန်းမလှလေး ရှိလို့လာချိန် သူမရင်ထဲ ဝမ်းနည်း ငိုကြွေးမိသည်က ဘာကြောင့်များပါလိမ့်နော်....

☘️☘️☘️

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now