ep.8

210 5 0
                                    

ဆံမြတ်ချလှပါပေ့....🌻

အပိုင်း(၈)

ကျော်မြင့်မှာ အရပ်ထဲမ‌ှလူများမိအောင်ဝိုင်းဖမ်းကာ ရိုက်နှက်အပစ်ပေးလိုက်ရာ ကျော်မြင့်မျက်နှာတစ်ခုလုံးဖူးယောင်ကိုင်းသွားသည်။

ကျော်မြင့်မှာဒေါ်သင်းသင်းမှ အမှုဖွင့်တိုင်ကြားကာအချုပ်ထဲရောက်နေချိန် သူ၏မိသားစုကိုလည်း ရပ်ကွက်ထဲမှ မောင်းထုတ်ကြသည်။

မေသင်းကြိုင်မှာတော့ နောက်တစ်နေ့တွင်သတိရလာသော်လည်း ကြောက်အားလန့်အားထထအော်ကာ သတိပြန်ပြန်လစ်သွား၍ ဒေါ်သင်းသင်းတစ်ယောက် သမီးဖြစ်သူအတွက်ရင်ကျိုးနေရသည်။

ဒေါ်ရီကလည်း မေသင်းကြိုင်အဖြစ်ကိုကြည့်ကာ မခံမရပ်နိုင်ဖြစ်နေရသည်။

"ယုတ်မာလိုက်တဲ့အကောင် ကိုယ့်သမီးအရွယ်လေးကိုမှ တောက်...."

"အဲ့လို ခွေးသူတောင်းစားတွေရဲ့ ခနတာ တဏှားရူးမှုကြောင့် နစ်နာတဲ့ မိန်းကလေးတွေမှာ တစ်ဘဝလုံးစိတ်ဒဏ်ရာ ရစေတယ် ဟင်း ... ဒီလို လူ့အောက်တန်းစားတွေလည်း ဘယ်တော့များမှ အသိစိတ်ဝင်ကြမလဲမသိဘူး ဒီလိုလူတွေဟာ လူ့ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမပေးတဲ့ အမှိုက်တွေပဲ"

"ဟုတ်ပါ့အေ လူ့အသိဉာဏ်မရှိ ကိုယ့်သားသမီးအရွယ် ကိုယ့်အမေအရွယ်မှန်းမသိ ပေါင်ကြားထဲက ကိစ္စလောက်ပဲ ခေါင်းထဲရှိတဲ့ဟာတွေ အဲ့လောက်ဖြစ်နေရင်လည်း -ာသွား-ျကြပါလား ဗြိတ္တာကောင်တွေရဲ့....ငါနော် အဲ့ သေချင်းဆိုးကို အပိုင်းပိုင်းခုတ်ပစ်ချင်တယ်"

ဆေးရုံလာဝိုင်းစောင့်ကြသည့် ဒေါ်ရီနှင့် ‌မလှမြင့်မှာ မခံချိမခံသာဖြစ်လွန်း၍ တစ်ယောက်တစ်ခွန်းပြောနေကြသည်။

ဒေါ်သင်းသင်းမှာတော့ ဖြူဖျော့ကာ မျက်ကွင်း ညိုကိုင်းလျက် ပျော့ခွေခွေလေး အိပ်ပျော်နေသည့် သမီးမျက်နှာကိုသာ အရိပ်တကြည့်ကြည့် ကြည့်လျက် သူမမျက်နှာသည်လည်း အသက်မဲ့နေသူလို ငေးငိုင်နေလေသည်။

"ကျွန်မတို့ငယ်ငယ်ကလည်း အိမ်လာလာလည်နေကျအသိဦးလေးကြီးတစ်ယောက် ကျွန်မက အဲ့တုန်းက သုံးတန်းလားပဲရှိသေးတာ အိမ်လာရင်း ကျွန်မကိုပွေ့ချီပြီး သူ့ပေါင်ပေါ်ထိုင်ခိုင်းတယ် သကြားလုံးတွေမုန့်တွေလည်းယူယူလာပေးတက်တယ် လူကြီးတွေရှေ့ကျ ကလေးထိန်းသလိုလိုနဲ့ လူကြီးကွယ်ရာဆို ရင်ဘတ်ကို လာလာကိုင်တာ ကျွန်မကကြောက်ပြီး ငိုငိုပြီးဆငိးပြေးတာ နောက်ပိုင်းကျမလာတော့ဘူး တော်သေးတယ်-

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now