part 4

244 5 0
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၄)

တင်မေလှနှင့်ကျော်မြင့်မှာ ဧရာဝတီတိုင်းမှ နာဂစ် ကြောင့် ပြောင်းလာကြသူများဖြစ်သည်။

တင်မေလှမှာ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ကာ ကျော်မြင့်က ပန်းရံ လက်သမား လုပ်သည်။

"အစ်မသင်းရယ် အဲ့တုန်းကဆို ရေက ရင်ခေါင်းလောက်ရှိတယ် ကျွန်မလည်း ခြံတိုင်းကိုပဲ ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်တယ် သမီးကိုလည်း ပုခုံးမှာ တင်ထားရတယ် ကလေးရေနစ်မှာဆိုးလို့ လေတွေကလည်းတိုက်တာတအားပဲ သူ့အဖေလည်း သားကို ပုခုံးပေါ် ထမ်းထားရတယ် ကျွန်မကတော့ ရေနစ်ချင်လည်းနစ်တော့ ဘာမှမတက်နိုင်ဘူး ဒါပေမယ့် ကလေးတွေကိုပဲ စိတ်ပူတယ် အသက်ငယ်ငယ်လေးတွေ ရှိသေးတော့ တစ်ခုခုဖြစ်သွားမှာ ရင်ထဲမကောင်းဘူး အဲ့ဒါနဲ့ ကိုယ်လည်း ဘာမှလုပ်လို့မရတဲ့အဆုံး ဘုရားပဲ ကယ်နိုင်တော့မှာဆိုပြီး သံမ္ဗုဒွေဂါထာပဲ ရွတ်နေလိုက်တော့တယ် ရေကလည်ပင်းလောက်လည်းရောက်လာရော ရွတ်နေရင်း အယောင်ယောင်အမှားမှားနဲ့ ဖင်ပြန်ခေါင်းပြန်တွေရွတ်နေမိရော နောက်ကျတော့ လေငြိမ်သွားပြီး ရေကကျသွားရော အဲ့တော့မှပဲ သက်မချနိုင်တော့တယ်"

တင်မေလှက လက်ဖက်ပန်းကန်မှ လက်ဖက် တစ်ဇွန်းခပ်ကာ ဆိုသည်။

ဒေါ်သင်းသင်းနှင့် ခေါင်းရင်းအိမ်မှ မခင်ရီမှာလည်း တင်မေလှကြုံခဲ့ရတာတွေကို စိတ်ဝင်တစားနားထောင်နေသည်။

ခြံထဲမှာတော့ ကလေးလေးယောက် စိန်ပြေးလိုက်တမ်းဆော့လို့နေကြသည်။

"ဒါချည်းဆော့ရတာ ပျင်းတယ်ဟာ တူတူပုန်းတမ်းကစားကြမလား"

ကျော်ရာဇာ့စကားအား လှမ်းကြားလိုက်သော ‌ဒေါ်တင်ရီမှ

"ဟဲ့ ကလေးတွေ ညဘက်ကြီး တူတူပုန်းတမ်းမကစားရဘူး နတ်ဖွတ်တက်တယ်"

"အဒေါ်ကလည်း ဟုတ်လို့လား နတ်က တကယ်ဖွတ်တက် လို့လား"

ကျော်ရာဇာမှာ သူဆော့ချင်တာ မဆော့ခိုင်း၍ အငေါ်တူးကာ မျက်နှာဆူပုတ်၍ ‌ပြန်လှမ်းမေးသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now