Ep.7

204 6 0
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၇)

ယနေ့ စနေကျောင်းပိတ်ရက်ဖြစ်၍ မိကြိုင်တို့ခြံထဲ ဖိုးသာထူး ကျော်ရာဇာ လှနုတို့ ရောက်နေကြသည်။

မိကြိုင်၏အိမ်တွင်း၌ ဘုရားစင်ရှေ့ တွင် ဖျာခင်းလျက် ကျော်ရာဇာယူလာသည့် ရောင်စုံခဲတံဘူးအား အလယ်၌ပုံချကာ စာအုပ်ကိုယ်စီဖြင့်ပုံဆွဲနေကြသည်။

"ငထူး ငါ့ဘတ်မန်းပုံမိုက်လား"

ကျော်ရာဇာက သူ့စာအုပ်အား ထူးသာဘက်ထောင်ပြကာ မေးလာ၏။

စိတ်ကူးဖြင့် ဆွဲထားသည့် ဘတ်မန်းမှာ နားရွက်၌ ခွေးနားရွက်လိုဖြစ်နေ၍ ထူးသာကအော်ရယ်သည်။

"ကိုကိုဟာက ငှက်စုတ်ကြီးကျနေရော ဟားဟား"

"ငါရိုက်လိုက်ရ"

သူ့ညီမကလှောင်တာမို့ ကျော်ရာဇာစာအုပ်ဖြင့် လှမ်းရွယ်လိုက်သည်။

လှနုကတော့ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်ဖြင့် စာအုပ်တစ်ခုလုံးညစ်ပတ်ကုန်သည်။

ထူးသာမှာ‌ ပါဝါရိန်းဂျား ငါးကောင်ကိုဆွဲထားပြီး ရောင်စုံခြစ်လို့နေသည်။

"ဘာဆွဲနေတာလဲ"

လှနုမှာပုံဆွဲရပျင်းလာ၍ မေသင်းကြိုင်နားတိုးသွားကာ မေသင်းကြိုင်ကုန်းကုန်းကုန်းကုန်းဖြင့်ဆွဲနေသော ပုံကိုလိုက်စပ်စု၏။

"အယ် လှလိုက်တာ ပန်းလေးတွေ"

ထူးသာရော ကျော်ရာဇာပါလှနုအပြောကြောင့် လက်ထောက်၍ ကိုယ်ကိုကြွကာ မေသင်းကြိုင်စာအုပ်‌ကို လှမ်းချောင်းကြသည်။

မေသင်းကြိုင်ဆွဲထားသည့်ပုံမှာ ကောင်းကင်ပြာပြာပေါ်ငှက်အုပ်စုလေးဝဲပျံလျက် အနီရောင်ပန်းခင်းကြီးနှင့် သဘာဝကျကျဆွဲထားသည့်ပုံဖြစ်သည်။

"ဝါး မေသင်းကြိုင်ကပုံဆွဲတော်တာပဲ"

ကျော်ရာဇာမှမေသင်းကြိုင်အား ချီးကျူးသလို ထူးသာလည်း မေသင်းကြိုင်ဆွဲထားသည့်ပုံမှာလှ၍ ကြည့်နေမိသည်။

မေသင်းကြိုင်မှာတော့ ပြုံးလျက် အရောင်လေးတွေဆက်ခြယ်လို့နေသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now