part 13

216 7 0
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၁၃)

ထူးသာတစ်ယောက် စောင်ခြုံလျက် နဖူးပေါ်လက်တင်ကာ သစ်သားပြတင်းပေါက်မှလှမ်းမြင်နေရသော လမင်းကိုငေးနေမိသည်။

သူ့စိတ်တို့က ပူလောင်နေကာ ဘယ်လိုမှအိပ်မရသည်မို့ အတွေးတို့ကနယ်ချဲ့နေတော့သည်။

သူစိတ်ပူနေသည့်အရာမှာ သူမ သူ့ကိုစိတ်ဆိုးနေခြင်းကြောင့်ဖြစ်သည်။

သူလည်းသူပင် သူမကို အစကတော့ စကားစပြောခဲ့ပြီး နောက်ပိုင်းလမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားတက်၍ သူမလို မိန်းကလေးက စိတ်ဆိုးလည်းဆိုးချင်စရာ

သူ့လို ဘာမဟုတ်တဲ့ကောင်က သူမကိုလျစ်လျူရှု့သလိုဖြစ်ထားခဲ့သည်မဟုတ်လား။

သူမရဲ့နာကျင်‌ခဲ့ရတဲ့အချိန်မှာလည်း သူမသိလိုက်ရဘဲ သူမကိုဖေးမခွင့်တော့မရခဲ့ပါ။

မျက်နှာနုနုလေးဆီမှ အလိုမကျသည့် အပြုအမှုတို့က သူ့ရင်ကိုအတိုင်းထက်အလွန်ပူလောင်စေသည်။

ဟင်း.....

သူပက်လက်လှဲနေရင်း သက်ပြင်းကိုသာအကြိမ်ကြိမ်ချနေမိသည်။

ညလေက ပြတင်းတံခါးကတဆင့် အိမ်ခန်းထဲ တိုးဝေ့လာကာ သူ့မျက်နှာကို‌လာရောက်ကျီစယ်ရိုက်ခတ်လိုက်ချိန် တဒင်္ဂတော့သူ့စိတ်တွေ အေးချမ်းသွားရသည်။

မျက်ခုံးထူထူတို့က တွန့်ချိုးနေရာမှအနည်းငယ်ပြေသွားသလို မျက်လုံးများကိုဖိပိတ်၍ ကြိတ်မှိတ်အိပ်စက်ဖို့ကြိုး‌စားတော့သည်။

.....

မနက်အုန်းမောင်းခေါက်သံကြောင့် နိုးလာချိန် ထလိုက်ရာ၌ ခေါင်းကကြည်လင်မနေပါ။

စိတ်နှင့်လူနှင့်မကပ်ဘဲ ဘာလုပ်လုပ်အလွဲလွဲအချော်ချော် ဖြစ်နေသည်။

ရွာကရောက်လာသော ကျောင်းသားသစ်လေး ထက်မြတ်ကသူနဲ့တစ်ခန်းတည်းနေသည်မို့တူတူ ဦးဇင်းတွေဆွမ်းခံကြွရန် ပြင်ဆင်ဖို့ မျက်နှာသစ်ကြသည်။

ထက်မြတ်မှာ အသက်ဆယ့်တစ်နှစ်သာရှိသေးပြီး သူတို့ရွာတွင် စစ်ပွဲဖြစ်၍ သူ့အိမ်လဲ ဗုံးဒဏ်သင့်ကာ သူ့မိသားစုတွေလည်း လက်နက်ကြီးထိ၍ ဆုံးသွားကာသူတစ်ယောက်တည်းကျန်ခဲ့၍ ‌ဘုန်းကြီးကျောင်းအပို့ခံရပြီး ကျောင်းသားအဖြစ် ထူးသာနည်းတူ ဘုန်းကြီးစာနှင့်ကျောင်းစာတွဲသင်ရသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now