part 16

213 7 4
                                    

ဆံမြတ်ချ လှပါပေ့....🌻

အပိုင်း(၁၆)

ထူးသာတစ်ယောက် ဖုန်းထဲမှသူမပုံလေးကို ဘာလုပ်လုပ် ခနခနဖွင့်ဖွင့်ကြည့်နေမိသည်။

ဆွမ်းခံလိုက်ပြီးပြန်လာလည်း ကြည့်
ဆွမ်းခွက်တွေဆေးလည်းကြည့်
ကျောင်းရောက်တော့လည်း အားတာနဲ့ သူမရှိရာပြေးပြီးမရောက်ရောက်အောင်သွားတွေ့သည်။

သူရောက်သွားတိုင်း ရင်အေးစေတဲ့သူမရဲ့အပြုံးတွေကိုမြင်ရတာဟာလည်း သူ့အတွက် ပျော်ရွှင်မှုတစ်ခုလိုဖြစ်နေ၏။

ဒေါ်ညိုမြပြနိသွား၍ ထုံးစံအတိုင်းအမေသင်းအိမ်မှာစာသွားကျက်ဖြစ်သည်။

သူ အမေသင်းအိမ်ရောက်သွားတော့ အမေသင်းက မျက်လုံးများမှိတ်၍‌မှိန်းနေရာမှ သူ့ကိုတချက်ကြည့်၍ ပြန်မှေးနေ၏။

မိကြိုင်ကလည်း တခါစိတ်ဖောက်မလိုဖြစ်ပြီးတည်းက  ထောင့်တစ်ထောင့်တွင်သာ ကပ်နေနေတကိပြီး ငြိမ်ကုပ်နေတော့သည်။

ထို့ကြောင့်ပဲ သူ့မှာကျောင်းကပြန်ရောက်တာနဲ့ထမင်းလာပြေးတည်ကာ အချိန်ပိုင်းလေးအလုပ်ဆင်းပြီး အလုပ်ပြီးလို့လမ်းမှထမင်းဆိုင်က‌ေန ဟင်းတစ်မျိုးတယ်ကာ အမေသင်းအိမ်အရင်ပို့ရသည်။

မိကြိုင်မှ အမေသင်းကိုထမင်းခွံတာ ရေပက်တိုက်တာ စတဲ့ အမေသင်းဝေယျာ‌ဝစ္စ‌ေတွ‌ေတာ့အကုန်လုပ်‌ေပးသည်။

အမေသင်းအလုပ်တွေပြီးတာနှင့် အိမ်ထောင့် တစ်ထောင့်မှာသာ သွားထိုင်နေတက်၏။

ကျောင်းမှာရေမိုးချိုး ဘုရားဝတ်ပြုကာ ကျောင်းဝေယျာဝစ္စနှင့်သိမ်းဆည်းစရာရှိသည်များဝိုင်းကူ၍ စာအုပ်များယူကာ အမေသင်းအိမ်လာခဲ့သည်။

သူအိမ်ပေါ်တက်လာတော့ လေးပေလျှပ်စစ်မီးချောင်းမှ အိမ်ရှေ့တစ်ခုလုံး အလုံ‌အလောက်လင်းစေကာ မိကြိုင်က လက်နှစ်ဖက်ရှိ လက်ချောင်းများယှက်၍ အမေသင်းအိပ်ယာအောက်ဘက်ထောင့်လေးတွင် ဒူးတုတ်ထိုင်ကာ သူ့ကိုမျက်လုံးများဝိုင်း၍မော့ကြည့်သည်။

သူ မေသင်းကြိုင်နားသွားကာ စာအုပ်များချ၍ သူမရှေ့၌ဝင်ထိုင်လိုက်သည်

ဆံမြိတ်ချ လှပါပေ့.....Opowieści tętniące życiem. Odkryj je teraz