part 3

255 8 0
                                    

"ဆွမ်းတော်ဗျို့....."

ဒေါင်.....

မြေညီလမ်းလေးတွင် စီတန်းလာသည့် ဆွမ်းခံကြွသံဃာတော်များ၏ နောက်၌ ရောင်နီပျိုးစ နေမင်းကြီးက နောက်ခံထား၍ ပန်းချီကားတစ်ချပ်ပမာ တင့်တယ်နေသည်။

တီရှပ်လက်တိုအဖြူလေးနှင့် ခဲရောင် ဂျင်းအပျော့သား ဒူးကျဘောင်းဘီလေးကိုတွဲဝတ်ထားသည့် ဖြူဖြူကစ်ကစ်ထူးသာလေးမှာလည်း ရှေ့ဆုံးကနေ အာပေါင်အာရင်းသန်သန်ဖြင့် ကုသိုလ်ပြုရန်နှိုးဆော်သံလေးဖြင့် တက်ကြွသောခြေလှမ်းများလှမ်းကာ လျှောက်လှမ်းလာလေသည်။

အမေသင်း အိမ်ရှေ့ ရောက်တော့ အမေသင်းက မုန့်ဖက်ထုပ် တြိဂံပုံ ဖက်ထုပ်လေးတွေ ကို ကြွေဖြူဖြူ ဇလုံထဲထည့်ကာ အညိုရောင် ယောဂီပုဝါကိုပုခုံး၌ တင်ထား၍ ဆံပင်ကိုနောက်၌ပင့်ညှပ်ကာ ပါးပြင်ပြည့်သနပ်ခါးဖွေးဖွေးဖြင့် ဆွမ်းလောင်းနေသည်။

မိကြိုင်မကတော့ ခြံတိုင်‌ကိုကိုင်ကာ သူ့အမေဆွမ်းလောင်းနေတာကိုကြည့်သည်။

"သမီး ဖိုးသာထူးကို မုန့်ထုပ်ပေးလိုက် "

အမေသင်းစကားကြောင့် မိကြိုင် ခေါင်းကိုဖြေးညှင်းစွာညိတ်ကာ ခြံတိုင်ထိပ်တွင် ချိတ်ထားသော မုန့်ဖက်ထုပ်သုံးလေးထုပ်ပါသည့် ကြွပ်ကြွပ်အိတ်ကို ယူကာ သူ့ဆီလာပေးသည်။

"ရော့ ကိုကြီးထူးသာ"

အမေသင်းက မုန့်လုပ်ပြီးဆို သူ့အတွက် သီးသန့်ဖယ်ပြီး ပေးတက်ပါသည်။

အမေသင်းက သူ့နာမည်ကို ထူးသာလို့ဘယ်တော့မှမခေါ်ပါ ဖိုးသာထူဟုသာနှုတ်စွဲနေတော့သည်။

"မိကြိုင် မနေ့က ငါသင်ထားတဲ့ စကားထာတွေ ရအောင်လုပ်ထားနော် ငါမေးလို့မရရင် နင်သေမယ်"

ထူးသာ လက်သီးဆုပ်ကာ ထုမလို အပေါ်မြင့်တင်ပြတော့ မိကြိုင်က ပုခုံးလေးကြုံ့ကာ ဇက်လေးပု၍ ခေါင်းတဆက်ဆက်ညိတ်ပြသည့်မျက်နှာက ထိတ်ထိတ်လန့်လန့်။

.....

"အိမ်ရှင်တို့ .....လူရှိလား"

အိမ်ရှေ့က ခေါ်သံကြောင့် ဆူခါစ ထမင်းအိုးကို ယောင်းမဖြင့် မွှေနေရင်း ဒေါ်သင်းသင်း ထရပ်ကာ အိမ်ရှေ့ထွက်လာခဲ့လိုက်သည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now