part 15

198 8 0
                                    

ဆံမြိတ်ချ လှပါပေ့...🌻

အပိုင်း(၁၅)

"တောက်...."

သူရနေဝန်းတစ်ယောက် ခုတင်စွန်းတွင် ထိုင်ကာကြိတ်မနိုင်ခဲမရစိတ်တို့ဖြင့် ထူထဲသောမျက်ခုံးနှစ်ဖက်မှာ တွန့်ချိုးနေလေသည်။

ရင်တစ်ခုလုံးလဲ တအုံအုံနှင့်ပူလောင်ကာ ထိုသကောင့်သားကိုသ တ်ပစ်ချင်နေမိသည်။

သူ့မှာ စိတ်ထဲတနုတ်နုတ်ဖြင့် ဘာကိုမှအလိုမကျလျက် ဒေါသချည်းထွက်နေမိသည်

"ဟာ....ဘာအရသာကြီးလဲ ငန်တူးနေတာပဲ ကျစ်..."

ထမင်းဝိုင်းတွင် သူရနေဝန်း၏စကားကြောင့် ဒေါ်မိုးသက်ဝေမှ

"ဘာဖြစ်လို့လဲ သား ....မာမီချက်တာ ငန်သွားလို့လား"

"ကျစ်...မာမီဘယ်လိုချက်ထားတာလဲ အရသာကလည်း ဆိုးချက်ပဲ"

"သူရနေဝန်း မင်းမာမီကို ဘယ်လိုလေသံနဲ့ပြောနေတာလဲ ဟေ့ကောင်"

ဦးသူရလင်းမှာ ဇနီးဖြစ်သူမျက်နှာမကောင်းဖြစ်သွားသည်ကိုကြည့်၍ ဝင်ဟန့်လိုက်ချိန်
သူရနေဝန်းမှာ မျက်မှောင်ကြုတ်ထားသော်လည်း ဘာမျှပြန်မပြောရဲပေ။

ဦးသူရလင်းမှာ အိမ်၌‌ဩဇာအာဏာညောင်းသူမို့ သူတစ်ခွန်းဆိုတစ်ခွန်းမည်သူမျှအထွန့်မတက်ရဲကြပေ။

သူရမေလင်းကတော့ ဒေါ်မိုးသက်ဝေနှင့် အကြည့်ချင်းဆုံကာ အသံတိတ် သူရနေဝန်းအားစူးစမ်းနေကြသည်။

"မင်းတို့ကိုငါဘာပြောထားလဲ မိုးကို မလေးမစားမဆက်ဆံဖို့အတန်တန်မှာထားတယ်နော် မင်းတို့မာမီက မင်းတို့အပေါ် ဘယ်လောက်ကောင်းခဲ့လဲ မင်းတို့အသိဆုံး ကလန်ကဆန်လုပ်မယ်တော့မကြံနဲ့ ငါနဲ့တွေ့သွားမယ်"

ထိုချိန်ထိ သူရနေဝန်း၏ဂျစ်ကန်ကန်မျက်နှာမှာလည်းမှုန်ကုပ်နေတုန်းပင်။

ဦးသူရလင်းကလည်း သားဖြစ်သူမျက်နှာကိုမြင်နေရ၍ စိတ်ပိုတိုစေကာ ထပ်ပြောမည်ပြုစဉ် သူ့လက်တစ်ဖက်အားဇနီးဖြစ်သူမှလှမ်းကိုင်လာသည်မို့ သူ သူမကိုကြည့်လိုက်တော့ခေါင်းကိုခပ်ဖြည်းဖြည်းခါပြ၍

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now