ep.9

186 4 2
                                    

ဆံမြိတ်ချ လှပါပေ့...🌻

အပိုင်း(၉)

မေသင်းကြိုင်အတွက် အတိတ်ဆိုးတို့ဖြစ်ပေါ်ခဲ့သည့်အချိန်အခါမှစ၍ ဒေါ်သင်းသင်းသည် အိမ်များတွင်အဝတ်လိုက်လံမလျှော်ဖြစ်တော့ဘဲ
မေသင်းကြိုင်နှင့် အတူအဝတ်လျှော်နေကျအိမ်များတွင်အဝတ်များအထည်ရီဖြင့် ရီတွက်ကာ အိမ်သို့ပြန်ယူလာ၍ လျှော်သည်။

အဝတ်များခြောက်၍သွား‌ပို့လျှင်လည်း သူမနှင့်အတူသူမသမီးကိုအပါခေါ်သွားတက်သည်။

ဒေါ်သင်းသင်းသည် သူမသမီးအားမျက်စိအောက်ကအပျောက်မခံတော့ဘဲ သူမအနီးအနားမှာပင်ထားသည်။

ဆောင်းညတွင်သံဇကာမှ လေအေးအေးများဝင်လာသည်မို့ ဒေါ်သင်းသင်းသည် သမီးဖြစ်သူကိုအနွေးထည်ဝတ်ပေးထားသည်

သူမကိုယ်တိုင်လည်း အနွေးထည်ဝတ်၍ စောင်ခြုံကာ နံရံအားမှီ၍ပုတီးစိပ်လို့နေသည်။

ထူးသာမှာလည်း ဘုန်းကြီးကျောင်း၌ကိုရင်တွေစာကျက်သံညံ၍ မေသင်းကြိုင်တို့အိမ်တွင်စာလာလုပ်သည်။

မေသင်းကြိုင်ကတော့ ထူးသာနှင့်မလှမ်းမကမ်းတွင် စာအုပ်တစ်အုပ်ဖြင့်ပုံဆွဲလို့နေ၏။

မာကျူရီ မီချောင်းမှ အလင်‌းရောင်သည် သူတို့သုံးဦးလုံးအပေါ်လွှမ်းခြုံကာ ဖြန့်ကြန့်ထားလေသည်။

"ဖိုးသာထူး ကျောင်းမှာစာလိုက်နိုင်လား"

"ဟုတ်အမေသင်း "

ပုတီးစိပ်ရင်းလှမ်းမေးသည့် ဒေါ်သင်းသင်းအား ထူးသာမှ နောက်လှည့်ကြည့်ကာဖြေ၍ သူ့စာသူပြန်လုပ်နေသည်။

"စာအုပ်ဖိုး ဘာဖိုးလိုရင်ပြောနော် ဖိုးသာထူး"

"မလိုဘူးအမေသင်း အန်တီမိုးတို့ဝယ်ထားပေးတာတွေရှိသေးတယ်"

"အေအေ"

ထိုသို့ဖြင့် ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြသည်။

မေသင်းကြိုင်မှ ပုံဆွဲနေရင်း ခဲတံထိပ်ချွန်ချွန်လေးအားဖိဆွဲလိုက်ချိန် ပဲ့ကျိုးသွား၍ ခေါက်ဓားလေးဖြင့် ခဲတံချွှန်လိုက်သည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now