part 23

273 20 2
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၂၃)

လူက အိပ်မက်လိုလို အပြင်မှာလိုလိုနဲ့ အသံရှုသံပြင်းပြင်းတစ်ခုက အနီးအနားကပ်လျက်က ကြားနေရ၍ နိုးလာရသည်။

မျက်လုံးများလေးလံလွန်၍ ချက်ချင်မဖွင့်နိုင်သလိုလက်လှုပ်လိုက်တယ်ဆိုရင်ပဲ လူတစ်ကိုယ်လုံးလည်းနုံးချိနေရသည်။

မျက်လုံးများကိုအားယူ၍ဖွင့်လိုက်ချိန် ကားနောက်ခန်းထဲမှာရောက်နေမှန်းသိလိုက်ရသည်နှင့်တပြိုင်နက် အုံးထားသည့် ခပ်တောင့်တောင့်အရာက လူတစ်ယာက်ရဲ့လက်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ လန့်ဖြန့်သွားရသည်။

ထို့ကြောင့် ဘေးတစ်စောင်းအနေအထားအိပ်နေမိသည့်အနေအထား၌ ခါးကိုလည်းဖက်တွယ်ခံထားရမှန်းသတိပြုမိချိန် လူကနှလုံးဆောင့်တက်သွားရပြီး ကိုယ်ပေါ်၌လွှာခြုံထားသော ဂျင်းဂျာကင်က သူမပေါင်တစ်ဝက်လောက်သာအုပ်ထား‌နိုင်သည်။

ဘာတွေဖြစ်ကုန်တာလဲ....

အနောက်ကလူကရောဘယ်သူလဲ....

ငါဘာတွေလျှောက်လုပ်မိလိုက်တာလဲ ကျစ်....သွားပါပြီး....ဟာ.

သူမ ချက်ချင်း မထရဲဘူး ကိုယ်တစ်ခုလုံးတောင့်မတ်သွားနေကာ ကုန်းထဖို့ကြိုးစားလိုက်သည်။

သူမ ထိုဂျာကင်ကို ရင်ဘတ်၌အုပ်၍ ထထိုင်လိုက်တယ်ဆိုရင်ပဲ

"ကျွတ်ကျွတ်...."

နောက်က ယောက်ျားတစ်ယောက်၏အသံကိုကြားလိုက်ရသည်။

ညက သူမခပ်ရေးရေးအတွေးတွေကိုမှတ်မိနေသည်မို့ တစ်ဖက်လူရဲ့အမှားချည်းပဲ မဟုတ်တဲ့အတွက် ဟောင်းကျန်းပစ်ဖို့လည်းမဖြစ်နိုင်ပေ။

ထို့ကြောင့် သူမစိတ်ကိုဆုံးဖြတ်ကာ ဒီကိစ္စကိုဒီမှာပဲ မေ့ပစ်ပြီးဘာမှမဖြစ်သလို သဘောထားပေးဖို့ပြောမည်ပြင်ကာ
သူမ နောက်သို့လှည့်ကြည့်လိုက်စဉ် ထိုလူကလည်းထထိုင်လာသည်မို့ မျက်နှာကိုမြင်လိုက်ရတာနှင့် သူမတုန်လှုပ်သွားရသည်။

"ဟင် နင် ....သူရနေဝန်း"

"ခိုင် နိုးနေတာလား"

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now