Ep.10

217 4 2
                                    

ဆံမြတ်ချလှပါပေ့....🌻

အပိုင်း(၁၀)

ထူးသာမှာ ပထမနှစ်၌ စာကိုကြိုးစားသလို ပေါင်းသင်းဆက်ဆံရေးပြေပြစ်၍ စီနီယာ အတန်းဖော်တို့ဟာသူ့ကိုခင်မင်ကြသည်။

ထို့ကြောင့်လည်း သူ့ရဲ့ ပထမနှစ် ကာလ တစ်ဝက်တာဟာချောချောမွေ့မွေ့ဖြင့်ကုန်ဆုံးခဲ့သည်။

စာကိုသာ ကြိုးစား‌ေနခဲ့သည့်သူ့အဖို့ အချစ်ဆိုတာကိုလည်း ဘာမှန်းမသိခဲ့ပါ။

သူကင်းဖြစ်တည်းက မိန်းကလေးတချို့ လာရောက်မိတ်ဖွဲ့ကာ သူမတို့နှင့်လျှောက်လည်တာမျိုး မုန့်တူတူစားတာမျိုး ရုပ်ရှင်တူတူကြည့်တာမျိုး လုပ်ရန်ပြောလာကြသော်လည်း သူ လိမ္မာစွာနှင့်ပင် ယဉ်ယဉ်ကျေးကျေးငြင်းခဲ့သည်။

သူ့ခေါင်းထဲ အန်တီမိုးတို့စိတ်မပျက်ရအောင်စာကိုကြိုးစားဖို့နှင့် အမေသင်းနှင့် မိကြိုင်အတွက် ဘွဲ့ရလျင်အလုပ်လုပ်ပြီးသူကိုယ်တိုင်အိမ်ကောင်းကောင်းလေးတစ်လုံးဆောက်ပေးဖို့သာရှိသည်။

သို့သော် တစ်နေ့၌ သူတခါမျှ မရင်းနှီးသော ရင်းနှီးဖို့မကြိုးစားခဲ့သော အချစ်ဆိုသည့်အရာဟာသူ့နှလုံးသားထဲပေါက်ဖွာလာရန် နတ်မိမယ်လေးတစ်ဦးက ပြုစားခဲ့သည်။

ထိုနေ့ဟာ....

ကျောင်းသန့်ရှင်းရေးနေ့၌ ထူးသာသည် သူနှင့်ခင်မင်သူများဖြစ်သည် အတန်းကြီး အတန်းဖော်ကျောင်းသားတို့ဖြင့် အမိုက်များလိုက်ကောက်ကြသည်။

အရာရာမှာတက်ကြွစွာ ပါဝင်တက်သည့်သူ့ကို လူခင်ပေါများတာလည်းမဆန်းပေ။

မိန်း‌ကလေးယောက်ျားလေးစစနောက်နောက်ဖြင့် အမိုက်ကောက်သူကောက် ရွက်ခြောက်များလှည်းသူကလှည်းနှင့် ရှိလို့နေကြသည်။

"ထူးသာ လာအုံး ဒါ ငါတို့ fourth year ကမမလှလှတွေ"

"ဟဲ့ နင်ကလည်း "

ထူးသာနှင့် ခင်နေသည့် စီနီယာ ကိုဖြိုးစင်သန့်ကသူလက်ကိုဆွဲခေါ်၍ သူ့အတန်းဖော်မိန်းကလေးများနှင့်မိတ်ဆက်ပေးသည်။

"နင်တို့ ဒီကောင်ကိုသိတယ်မလား တီချယ်တို့ရဲ့အသည်းကျော်လေ"

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now