part 21

218 23 1
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၂၁)

"ရှေ့နေကြီး လာပါရှင့် ကြွပါ ကြွပါ"

ရက်လည်ဆွမ်းကပ်ပြီး ညနေပိုင်းချိန် ဒေါ်ညိုမြတစ်ယောက်ရုတ်တရက်ပျောက်သွားပြီး ရှေ့နေခေါ်ကာ ဗြုန်းစားကြီးရောက်ချလာသည်။

အိမ်နောက်ဘက်တွင် ပစ္စည်းများသိမ်းဆည်းနေသော ထူးသာ နှင့်ဒေါ်ရီတို့မ‌ှာလည်း ဝင်လာသည့် ညိုမြနှင့် ရှေ့နေဆိုသူကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

"သမီးလေး လာ မေသင်းကြိုင် ဒေါ်လေးဆီ"

အိပ်ယာထဲ မှိုင်ထွေစွာ လှဲနေသော မေသင်းကြိုင်အား လက်ဆွဲခေါ်ကာ ရှေ့နေ ထိုင်နေသည့် ဘုရားစင်ရှေ့ ခေါ်ချလာသည်။

"ခနလေးနော် ရှေ့နေကြီးရှင့်"

ဟုဆို၍ ဒေါ်ညိုမြမှာ ဒေါ်သင်းသင်း ၏ သံသေတ္တာထဲမှ စာရွက်စာတမ်းများထည့်ထားသည့်အိတ်အားရှာသညါ။

ထူးသာနှင့် ဒေါ်ရီတို့မှာလည်း အိမ်ရှေ့သို့ရောက်လာကြကာ နေမကောင်းသေး၍ ခပ်နွမ်းနွမ်း‌ေလးဖြစ်‌‌ေနသည့်မေသင်းကြိုင်အားကြည့်၍ ဒေါ်သင်းသင်းသေတ္တာအားအသည်းအသန်ရှာနေသော ဒေါ်ညိုမြကို ထူးသာဒေါသထွက်မိကာ ဒေါ်ညိုမြရှေ့သွားရပ်လိုက်သည်။

"အဲ့ဒါဘာလုပ်နေတာလဲ ဒေါ်ညိုမြ"

ဒေါ်ညိုမြမှာလည်း သူ့ကိုမျက်လုံးပြူး၍ ပြန်မော့ကြည့်ကာ အော်ထည့်သည်။

"ငါဘာသာ ဘာလုပ်လုပ်ပေါ့ နင့်အပူပါလား သွားစမ်းပါဝေးဝေး"

ဟုဆို၍ ဒေါ်သင်းသင်းသေတ္တာကိုပြန်မွှေနှောက်နေပြန်သည်။

"မိကြိုင်နေမကောင်းဘူး ဆေးသောက်ထားရတယ် သူအိပ်မှဖြစ်မယ်"

ထူးသာဘာပြောပြော ဂရုမစိုက်စွာ ဒေါ်ညိုမြက မကြားသလိုနေသည်။

"ဒီမှာပဲ"

ဒေါ်ညိုမြသည် ပိုက်ဆံအိတ်ဖြင့်ထုတ်ထားသော စာရွက်စာတမ်းများကိုထုတ်ယူကာမျက်နှာဝင်းသွားလျက် ရှေ့နေရှိရာဆီယူဆောင်သွားလေသည်။

"ရှေ့နေရှင့် ဒီမှာပါ ဂရံစာရွက်"

ရှေ့နေဆိုသူက ဒေါ်ညိုမြ ဆီမှာစာရွက်စာတမ်းမ‌ျားယူကြည့်နေချိန် ဒေါ်ညိုမြယောက်ျားနှင့်သူ့သားနှင့်သမီးတို့မှာ ဒေါ်ညိုမြနားဝင်ထိုင်၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးနေကြသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now