part 1

752 12 0
                                    


လမင်းထိန်ထိန်သာနေလေ‌ေသာ ညတစ်ညတွင် ...

ရပ်ကွက်ငယ်တစ်ခုရှိ စာသင်တိုက် ဘုန်းကြီးကျောင်းရှေ့သို့ ညမီးတိုင် ဝါကျင့်ကျင့်အောက် ပြောင်လက်နေလေသော အဖြူရောင် လန်ခရူဇာ ကားလေးမှာထိုးရပ်သွားလေသည်။

ထို့နောက် ကားနောက်ခန်းတံခါးတစ်ဖက်ပွင့်လာကာ အမျိုးသမီးတစ်ဦး အဝတ်ထုပ်ဖြူဖြူကို ပိုက်၍ဆင်းလာလေသည်။

ထိုအမျိုးသမီးမှာ ဘေးဘီဝဲယာနှစ်ဖက်လုံးအား ဝေ့ဝဲကြည့်ရင်း ဘုန်းကြီးကျောင်း၏ မုခ်ဦးတံခါး ညာဘက်ထောင့်လေးတွင် ထိုအထုပ်ဖြူဖြူလေးကိုဂရုတစိုက်ချကာ ကားထဲသို့ခပ်သုတ်သုတ်ပြန်ဝင်သွားလေ၏။

ထိုကားလေးသည်လည်း ထိုအမျိုးသမီး ဝင်သွသည်နှင့် တပြိုင်နက် မောင်းထွက်သွ‌ားတော့၏။

ထိုကားလေး ထိုနေရာ၌မရှိတော့ချိန် ထိုအထုပ်ဖြူဖြူလေးဆီမှာ ကလေးငိုသံလေးထွက်ပေါ်လာကာ အနှီးပတ်ဝန်းကျင်တစ်ခွင်၌ပျံ့လွင့်သွားလေသည်။

ထိုညတွင် ကောင်းကင်တစ်ခွင် ရွှေလမှာ ထိန်ထိန်သာ‌နေသလို ကြယ်တို့သည်လည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလဲ့နေကြကာ အာကာတစ်ခွင်ကြည်လင် ငြိမ်ချမ်းနေသည်။

သို့သော ထိုတိတ်ဆိတ်ငြိမ်သက်ခြင်းတို့နှင့်ဆန့်ကျင်စွာ အထုပ်ဖြူဖြူလေးထဲမှ မွေးကင်းစ နီတာရဲကလေးငယ်လေးမှာတော့ ဝမ်းနည်းလှိုက်မောလျက် သည်းထန်စွာငိုကြွေးနေတော့၏။

လသာသာ
ညအခါမှာ
စွန့်ပစ်ခံကလေးလေးကတော့
ပျော်ရွှင်ခြင်းတို့ပျောက်ဆုံးနေလိမ့်မည်။

....

ကျွီ....ကျွီ....

ရှပ်....ရှပ်....

"န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။"

မနက်ဝေလီဝေလင်းအချိန် ဆရာတော် ဦးပညာစာရ၏ တံမြက်စည်းလှည်းရင်း ခပ်အေးအေးရွတ်ဖတ်နေသော မေတ္တာသုတ် ရွတ်ဖတ်သံက ငှက်သံတို့နှင့်အပြိုင်ထွက်ပေါ်လာသည်မှာ ကြည်နူးစရာကောင်းလှသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now