အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.9K 206 0
                                    

Chapter 142

ဝူရွှင်းဟိုင်၏ မျက်နှာအမူအရာက တစ်မျိုးဖြစ်သွားသည်။

" ‌ဒါပေမဲ့ ကျင်းယီဝေ့တွေက အလုပ်လုပ်တာ လျှို့ဝှက်လွန်းတယ်...  လင်းဖူကို လွယ်လွယ်နဲ့ သိခွင့်ပြုမယ်တော့ မထင်ဘူး..."

" ခေါင်းဆောင် ဆိုလိုချင်တာက သူ့ကို သတင်းတချို့ ပေးလိုက်ဖို့လား..."

သွမ့်ချုံး ပြုံးလိုက်သည်။

  

" မှန်တယ်...  နောက်ပိုင်းကိုတော့ သေခါနီးဆဲဆဲဖြစ်နေတဲ့ ရှုမိသားစုက သူတို့ဘာသာစီစဉ်လိမ့်မယ်..."

ရှုမိသားစုနှင့် ရွှယ်ယန်တို့ တိုက်ခိုက်ကြမည်ဆိုပါက ရလဒ်က မည်သို့ပင်ဖြစ်စေ သူ့အတွက် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။

အကယ်၍ ရွှယ်ယန် အနိုင်ရရှိခဲ့ပါက သူ၏အသက်ရှင်နိုင်မှုကို အကြီးအကျယ်ထိခိုက်သွားမည်ဖြစ်ပြီး ရှုံးခဲ့ပါကလည်း ရှုမိသားစုက သူ့ကိုသတ်နိုင်မည်မဟုတ်ပေ။

သွမ့်ချုံးက ဤကဲ့သို့ လူအများကို ရန်တိုက်ပေးရသည်ကို သဘောအကျဆုံးဖြစ်သည်။ ရွှယ်ယန့်ကိုထိခိုက်စေပြီးမှ ထိုအချိန်တွင် ဝင်ကူညီလိုက်ပါက သု့ကိုကျေးဇူးတင်လာမည်ဖြစ်သည်။

တကယ်ကို ပျော်စရာကောင်းပြီး အကျိုးရှိတဲ့ကိစ္စပဲ...

ထိုအချိန်တွင် ကျင်းယီဝေ့များက ဧကရာဇ်ချင်းဖျင်၏တော်ဝင်စာကြည့်ဆောင်ထဲသို့ဝင်ရောက်ပြီး သတင်းကိုလျှောက်တင်တော့မည်ဖြစ်သည်။

ဧကရာဇ်ချင်းဖျင်က လျှောက်တင်လွှာများကို ဖတ်ရှု့နေချိန်တွင် လင်းဖူက သူ့ဘေးနားတွင် ရပ်စောင့်နေသည်။ အဝတ်အစားရိုးရိုးရှင်းရှင်းဝတ်ထားသည့် လူများက ဧကရာဇ်ကို တွေ့ခွင့်တောင်းချိန်တွင် ဧကရာဇ်ချင်းဖျင်က စာလွှာကို ချထားလိုက်ပြီးနောက် လင်းဖူကို ကြည့်လာသည်။

လင်းဖူက ထိုလူများဝင်လာချိန်တွင် သူ့ပုံစံနှင့် စကားများမှ တစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း သဲလွန်စရရန် ကြိုးစားလိုက်သ‌ည်။

ထိုလူတစ်စုက ဧကရာဇ်၏ရှေ့တွင် ဒူးထောက်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောကြပေ။ လင်းဖူက သူတို့ကိုကြည့်နေစဉ်မှာပင် ဧကရာဇ်ချင်းဖျင်၏ စူးရှသောအကြည့်များဖြင့် အကြည့်ချင်းဆုံသွားသည်။

အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now