အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.4K 210 8
                                    

Chapter 160

အတိတ်တွင်မူ မိန်းမစိုးက ဧကရာဇ်ကြွချီလာကြောင်း အသိပေးလိုက်ပြီးနောက်တွင် ဧကရာဇ်က ပင်မခန်းမဆောင်နောက်မှထွက်လာပြီး ပလ္လင်ပေါ် ထိုင်လိုက်ခြင်းဖြစ်သည်။

မင်းသား၄ ညီလာခံတက်ခဲ့သည့်နေ့ကလည်း ထိုသို့ပင်ဖြစ်သည်။

အားလုံး အသက်အောင့်ထားကြပြီး အာရုံစိုက်နေကြသည်။

ထိုအချိန်တွင် သူတို့အနောက်ဘက်မှ မိန်းမစိုးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

" ကွမ်းလင်ဘုရင်ခံ ရောက်ရှိလာပါပြီ..."

   

မိန်းမစိုးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်ကာ ထိုနေရာမှ အမတ်အားလုံးလည်း မျက်နှာများ ဖြူဖျော့ကုန်ပြီး သူတို့အနောက်ကို လှည့်ကြည့်လိုက်ကြသည်။

ကွမ်းလင်ဘုရင်ခံက အပြင်ဘက်ကနေ ဝင်လာမှာလား...

အချိန်တစ်ခုအထိ အားလုံးက တအံ့တဩဖြစ်နေကြပြီး ငေးငိုင်ကြည့်နေကြသည်။

သို့ရာတွင် ဘုရင်ခံတစ်ယောက်၏ ဝတ်ရုံကိုသာ ဝတ်ဆင်လာသော ရွှယ်ယန်က ဘေးနားကို တစ်ချက်မှမကြည့်ပဲဖြတ်သွားပြီး ရှေ့ဆုံးတွင်ရပ်နေသည့် ကျန်းအမတ်ကြီးကိုပါ ကျော်သွားသည်။

သူက ပလ္လင်ပေါ်တက်ရာ ရွှေရောင်လှေကားထစ်များပေါ် တက်သွားပြီးနောက် တစ်ဖက်သို့လှည့်ကာ နဂါးပလ္လင်ရှေ့တွင် ရပ်လိုက်သည်။

ကျင်းပေါင်က သူ့နောက်မှ ဂုဏ်ယူဝံ့ကြွားစွာလိုက်လာပြီး နဂါးပလ္လင်ဘေးတွင် ရပ်နေသည်။

ရွှယ်ယန် ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။

အမတ်များအားလုံးက သူ့ကို တအံ့တသြကြည့်နေကြသည်။

ရွှယ်ယန်က နန်းတွင်းထဲနေသူမဟုတ်သော်လည်း ဘုရင်ခံတစ်ယောက်အနေဖြင့် ညီလာခံကို အဝင်အထွက်ပြုလုပ်လေ့ရှိသူဖြစ်သည်။

ဒါပေမဲ့ သူက ဘာလို့ ပလ္လင်ပေါ်ထိုင်နေရတာလဲ...

အားလုံး ခဏတာ စိတ်ရှုပ်ထွေးသွားကြသည်။

အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now