အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.6K 206 0
                                    

Chapter 173
Imperial MeowFebruary 07, 2023

Chapter 173 (Extra 7)



လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က သူ့ရှေ့မှ ဘုရင့်မယ်တော်က ကလေးမလေးတစ်ယောက်သာဖြစ်ပြီး သူ မင့်လွမ်နန်းဆောင်သို့ ပထမဆုံးပြောင်းရွှေ့လာချိန်တွင် သူ့အခန်းထဲ ခိုးဝင်ခဲ့သည်။

သူမ၏ နူးညံ့သန့်စင်သော ကိုယ်ရောင်ကိုယ်ဝါကို ရွှယ်ယန် စေ့စေ့ပင် မကြည့်ရဲခဲ့ပေ။

ထိုအချိန်က လူ့လက်ထဲသို့ မီးဖိုငယ်လေးတစ်ခုကိုထည့်ပေးပြီး လေးနက်စွာပြောခဲ့သည်။

" အကူအညီလိုနေတဲ့လူတွေတွေ့ရင် မျက်နှာမလွှဲထားရဘူးလို့ အစ်ကိုကြီးက သင်ပေးထားတယ်..."

သူ့ အစ်ကိုကြီးတဲ့လား...ကြည့်ရတာ သူဒီနေ့သတ်ခဲ့တဲ့ မင်းမျိုးနွယ်တွေထဲမှာ သူ့အစ်ကိုလည်း ပါသွားတဲ့ပုံပဲ

ရွှယ်ယန်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

" လာကြစမ်း... ဘုရင့်မယ်တော်ကို နန်းဆောင်ကိုပြန်လိုက်ပို့လိုက်ကြ..."

သူက မည်သူတစ်ဦးတစ်ယောက်၏ ကြင်နာသနားမှုကိုမှ မလိုအပ်သော်‌လည်း ထိုမီးဖိုလေးကြောင့် သူမအသက်ကို ချမ်းသာပေးခဲ့သည်။

သို့သော်လည်း အသက်ချမ်းသာပေးလိုက်ခြင်းက သူမနှင့်အတူ အသေးအဖွဲ့ကိစ္စများတွင် ပါဝင်ပတ်သက်နေမည်ဟု မ‌ဆိုလိုပေ။

အစောင့်ရဲမက်တစ်ဖွဲ့ ဝင်ရောက်လာသည်။

" ကျွန်မကို သတ်လိုက်လို့ပြောနေတယ်လေ ရွှယ်ယန်...  ရှင် ကျွန်မကို အခုမသတ်ဘူးဆိုရင် တစ်နေ့မှာ နောင်တရလိမ့်မယ်..."

ကျွင်းလင်ဟွမ်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

ရွှယ်ယန် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်လာသည်။

သို့ရာတွင် ထိုမိန်းကလေး၏ သူ့အပေါ် မုန်းတီးမှုကိုသာမက သူမအစ်ကိုအပေါ် ချစ်မြတ်နိုးမှုကိုပါ သူ တွေ့လိုက်ရသည်။

ရွှယ်ယန်က အခြားလူများနှင့် ဤသို့သောသံယောဇဉ်တွယ်ညှိမှုမျိုး မရှိခဲ့ပေ။ သို့မဟုတ် ထိုသို့သော သံယောဇဥ်မျိုး လူတစ်ယောက်အပေါ်တွင် ရှိခဲ့သည်ဟု ပြော၍ ရနိုင်သည်။ ထိုလူက သူ့အပေါ် အေးတိအေးစက်ဆက်ဆံသော်လည်း လိုအပ်သည့်အချိန်တွင် သူ့အနားရှိပေးခဲ့သူဖြစ်၍ ထိုလူကိုယုံကြည်ခဲ့မိသည်။

အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now