အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.3K 173 0
                                    

Chapter 155

ထိုအမေးကြောင့် ခေါင်းဆောင်စစ်သူကြီးက ခေါင်းငြိမ့်ပြလိုက်သည်။

" စစ်သူကြီးရှုက အရင်တည်းက ငါ့ကို ကတိပေးထားတယ်... ဒီကိစ္စကြီး အောင်မြင်သွားရင် ချင်မန်တံခါးကို ပြန်သွားစရာ မလိုတော့ဘူး..."

လုပ်စရာအထွေအထူးရှိမနေ၍ လက်ထောက်စစ်သူကြီးက သူ့ကို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

" ဒါဆိုရင် ကျွန်တော်တို့ ဘယ်သွားရမယ်လို့ စစ်သူကြီးရှုက ပြောလဲ..."

ခေါင်းဆောင်စစ်သူကြက ခဏရပ်သွားပြီး စကားဆက်မပြောတော့ပေ။

စစ်သူကြီးရှုက သူတို့ကို သီးသန့်တွေ့ဆုံပြီး အစီအစဉ်တွင် ကူညီပေးရန်ပြောစဉ်က အာမခံချက်ပေးထားခဲ့ခြင်းဖြစ်သည်။ ဤကိစ္စ အောင်မြင်သွားသည်နှင့် ဧကရာဇ်အသစ်က ယုံနင်မြို့စားအိမ်တော်ကို အမြစ်ပြတ် ရှင်းပစ်မည်ဖြစ်သည်။ ထိုအချိန်တွင် ယုံနင်မြို့စားကတော်၏မိသားစုလည်း အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

ယုံနင်မြို့စားကတော်၏ အစ်ကိုကြီးက ယွီမန်တံခါးကို စောင့်ကြပ်ရသော စစ်သူကြီးဖြစ်သည်။

ယွီမန်တံခါးက အနောက်ဘက်ဒေသများကို တိုက်ရိုက်ဦးတည်သွားသော နယ်စပ်တံခါး‌ဖြစ်သည်။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး အေးချမ်းနေရုံသာမက  စီးပွားဖြစ်ထွန်းစေနိုင်သည့် သယံဇာတများလည်း ကြွယ်ဝသည်။

ရှန်းမိသားစု ( ယုံနင်မြို့စားကတော်ဘက်က မိသားစု ) ကို ကိုင်တွယ်ပြီးပါက ယွီမန်တံခါးနေရာကို သူတို့ကို လက်လွှဲပေးမည်ဟု စစ်သူကြီးရှုက ပြောခဲ့သည်။

သူတို့ ဤကိစ္စကိ သိကြသည်။ သို့ရာတွင် ဤကိစ္စမအောင်မြင်မီတွင် ဤသတင်းက ပျံ့နှံ့သွား၍ မရပေ။

ခေါင်းဆောင်စစ်သူကြီးက တွန့်ဆုတ်နေမိသည်။

လက်ထောက်စစ်သူကြီးက သူ့အခြေအနေကို မြင်သည့်အခါ ထပ်မပြောတော့ပဲ ပြုံးပြလိုက်သည်။

" စစ်သူကြီး ဘာတွေကြောက်နေတာလဲ... ပြီးတော့ မင်းသား၄က နန်းတက်ရမှာ သေချာနေတာပဲကို ကျွန်တော်တို့ ဘာကိုကြောက်ရမှာလဲ..."

အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Waar verhalen tot leven komen. Ontdek het nu