အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.6K 230 13
                                    

Chapter 169(Extra 3)
Imperial MeowFebruary 07, 2023


Chapter 169(Extra 3)





သူတို့နှစ်ယောက်က နန်းတွင်းမှစည်းမျဉ်းများကို ဂရုမစိုက်ပဲ ပြောချင်ရာ ပြောနေခြင်းဖြစ်သည်။ အတိတ်တွင်မူ ထိုသို့လက်လွတ်စပယ်ပြောဆိုမိပါက ခေါင်းပြတ်သွားနိုင်ပေသည်။

သို့ရာတွင် ယခုအချိန်၌ မည်သူမျှ သူတို့ကို စီရင်ရဲသည်အထိ သတ္တိမရှိပေ။

ရွှယ်ယန် ပြုံးလိုက်ပြီး ထိုစကားများကို ပြန်မဖြေပဲ လက်ဖက်ရည်ကြမ်းတစ်ခွက်သာ ငှဲ့ပေးလိုက်ပြီး သူမ လက်ထဲ ထည့်ပေးလိုက်သည်။

မိဖုရားရှု့က စိတ်ဆိုးမာန်ဆိုးဖြင့် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။

သူ လက်ဖက်ရည်ကို မမျိုချခင်မှာပင် အခြားကိစ္စတစ်ခုကို တွေးမိသွားသည်။

သူက ရွှယ်ယန့်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ်ကြည့်နေပြီး သူမအကြည့်များထဲတွင်လည်း ပူပန်မှုအချို့ ပါဝင်နေသည်။

" မင်းနဲ့ဟွိုင်လန် ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ..."

(T/N - E transမှာကိုက who is bullying whomလို့ ရေးထားတာပါ...မိဖုရားရှု့က သူ့တူ gongလား shouလား သိချင်နေတာပါ 😂)

ရွှယ်ယန်က ခဏရပ်သွားပြီးနောက် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။

" မယ်တော် ကျွန်တော့်ကို ထပ်ရိုက်ချင်လည်း ရိုက်လို့ရပါတယ်..."

မိဖုရားရှု့ : "......."

သူမ သဘောပေါက်သွားပြီဖြစ်သည်။

မိဖုရားရှု့ အလွန်ဒေါသထွက်သွားပြီး လက်ဖက်ရည်ခွက်ကို ရွှယ်ယန့်ဘက်သို့ ပစ်ပေါက်လိုက်သည်။

" မင်း... မင်း... မျိုးမစစ်ကောင်..."

ယုံနင်မြို့စားက အမြဲတမ်း အလုပ်ကို လေးစားသူဖြစ်၍ မြို့တော်သို့ မပြန်မီအချိန်တွင် သူ့ကိုပေးအပ်ထားသည့် တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်မည်ဖြစ်သည်။

ကျန်းနန်မှ ရေကြီးမှု ဘေးအန္တရာယ်ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ လုပ်ကိုင်စရာတာဝန်များက်ိုသာမက ၊ ကျန်းနန်၏ ဆောင်းဦးရာသီ နန်းတွင်းစာမေးပွဲကိုလည်း  ယုံနင်မြို့စားက စိစစ်သေချာစွာ ဆောင်ရွက်ခဲ့သည်။ ဆောင်းရာသီအစတွင် ကျင်းလင်မြို့မှ ဆည်ကိုလည်း ပြီးဆုံးအောင် ပြင်ဆင်နိုင်ခဲ့၍ ကျင်းလင်မြို့တစ်မြို့လုံးမှာ ကပ်ဘေးကြီးမဖြစ်မီအချိန်ကကဲ့သို့ အစဉ်အစဉ်တကျ ပြန်ဖြစ်လာသည်။

အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now