Endအပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

3.1K 313 22
                                    

Chapter 174
Imperial MeowFebruary 07, 2023
Chapter 174 (Extra 8)





ကံကြမ္မာကြယ်သခင် ( မင်းကောရှင်းကျွင်း ) က ကောင်းကင်နှင့် ငရဲဘုံနှစ်ခုလုံး၏ စာပေလောကတွင် ထင်ရှားသူတစ်ယောက်ဖြစ်သည်။

ကောင်းကင်ဘုံနန်းတော်တွင် နတ်ဘုရားနှင့် နတ်ဘုရားမများ မရေမတွက်နိုင်အောင်များပြားပြီး ကမ္ဘာမြေတွင်မူ ပြန်လည်မမွေးဖွားရသေးသည့် တစ္ဆေများနှင့် နတ်ဘုရားများလည်းရှိသည်။ အရေအတွက်များပြားလာသည်နှင့်အမျှ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာလိုအပ်ချက်များရှိနေ၍ ဝတ္ထုစာအုပ်များရေးသည့် နတ်ဘုရားများလည်း ပေါ်ပေါက်လာပေသည်။

ကံကြမ္မာကြယ်သခင်က ကောင်းကင်ဘုံနယ်ပယ်တွင် အကြီးတန်းအရာရှိဖြစ်ပြီး ဝတ္ထုစာအုပ်များရေးခြင်းက သူ၏ အရံအလုပ်ဖြစ်သည်။ သူ့စာအရေးအသားက အလွန်မကောင်းပဲ ဇာတ်ညွှန်းဇာတ်ကွက်များကလည်း သာမန်မျှသာဖြစ်သည်။ သို့ရာတွင် ၎င်းတို့ အလွန်နာမည်ကြီးရသည့် အကြောင်းအရင်းမှာ "ခွေးသွေး" ဟူသည့် စကားလုံးနှစ်လုံးကြောင့်ဖြစ်သည်။

ကောင်းကင်နှင့်ကမ္ဘာမြေတစ်ခွင်တွင် သူ့ထက်ပို၍ သွေးဆာသူ မရှိတော့ပေ။

သူက တည်ရှိမှုအားလုံး၏ စိတ်နေသဘောထားကို တာဝန်ယူရသူဖြစ်၍ စာရေးစရာကုန်ကြမ်းများကလည်း အလွန်ပေါသည်။ စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုခုကိုတွေ့သည်နှင့် ချက်ချင်းချရေးပစ်လိုက်သည်။

သူရေးသားသည့်အရာများက အလွန်ကြမ်းတမ်းလှသည့် အချစ်အမုန်းဇာတ်လမ်းမျိုးဖြစ်ကာ သူစံထားသောဇာတ်ကောင်များကလည်း နူးညံ့သိမ်မွေ့သူများမဟုတ်ပေ။ သူက လွှမ်းမိုးခြယ်လှယ်နိုင်ပြီး ရက်စက်သော အမျိုးသားဇာတ်လိုက်နှင့် အတင်းအကြပ်ဖိအားပေးသည့် အချစ်ဇာတ်လမ်းမျိုးကို သဘောကျသူဖြစ်သည်။

ကောင်းကင်ဘုံမှ နတ်ဘုရားမများနှင့် ငရဲဘုံမှ တစ္ဆေမများကို သူ အရူးလုပ်ရန် မလွယ်ကူလှပေ။ သို့သော်လည်း အားလုံးက အားလပ်ချိန်များတွင် လုပ်စရာကိစ္စများမရှိ၍ အပေါစားဆန်ပြီး ရယ်စရာကောင်းသောဇာတ်လမ်းများကို စိတ်အပန်းပြေစရာအနေဖြင့် ဝယ်ဖတ်ကြသည်။

🎉 You've finished reading အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ် 🎉
အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now