အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.5K 197 5
                                    

Chapter 159

သူ့အမေ၏ မှန်းဆချက်က မမှားယွင်းပေ။ သို့ရာတွင် သူတို့အကြားမှ ဆက်ဆံရေးက သူမအမေထင်သည့် ရင်းနှီးသောဆက်ဆံရေးနှင့် ကွဲပြားနေပေသည်။

သူ အချိန်အတန်ကြာသည်အထိ စကားပြောနိုင်ဖြစ်သွား၍ သခင်မကျွင်းက သူ့မှန်းဆချက် မှန်ကန်ကြောင်း သိလိုက်သည်။

သူမက ပြုံးပြီး နူးညံ့စွာပြောလိုက်သည်။

" အမေက သားကို အပြစ်တင်မလို့ မဟုတ်ပါဘူး... ကွမ်းလင်ဘုရင်ခံက အခုချိန်မှာ အမြင့်က်ို ရောက်နေတာလေ အမေတို့ အသက်တွေကိုလည်း ကယ်ခဲ့တာဆိုတော့ သားနဲ့သူက တော်တော်လေးရင်းနှီးတယ်ဆိုရင်လည်း မဆိုးပါဘူး..."

ထိုအချိန်တွင် ကျွင်းဟွိုင်လန် ပါးစပ်ဟလာသည်။

" အမေ ကျွန်တော်နဲ့သူက တစ်ယောက်ကိုတစ်ယောက် ချစ်နေတာပါ..."

   

သခင်မကျွင်း၏စကားစပြတ်သွားပြီး တစ်ခန်းလုံး ငြိမ်ကျသွားသည်။

ကျွင်းဟွိုင်လန်က စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုသာ ငုံ့ကြည့်နေပြီး သခင်မကျွင်းက သူ့ကိုငေးငိုင်ကြည့်နေကာ အချိန်အတန်ကြာသည်အထိ မည်သူမှ စကားမပြောနိုင်ကြပေ။

ခဏအကြာတွင်မှ သူမ မနည်းအားတင်း၍ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

" ဘယ်လိုဆက်ဆံရေးမျိုးမို့လဲ... သားတို့က နန်းတွင်းထဲ တူတူနေခဲ့တာဆိုတော့ ညီအစ်ကိုလို သဘောကျတာ ဖြစ်သင့်ပါတယ် ပုံမှန်ပါပဲ..."

ကျွင်းဟွိုင်လန် သူမကို တိတ်ဆိတ်စွာကြည့်နေသည်။

ထို့နောက်  မတ်တပ်ရပ်လိုက်ပြီး သူ့အမေရှေ့တွင် ဒူးထောက်လိုက်သည်။

" သားရဲ့ အပြုအမူတွေက မိဘတွေရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးသလိုဖြစ်သွားတယ်ဆိုတာ သိပါတယ်... ဒါပေမဲ့ စိတ်ပိုင်းဖြတ်ထားပြီးသားကိစ္စမို့ ပြန်ပြင်ဖို့ တော်တော်ခက်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါအမေ..."

သခင်မကျွင်းက စကားမပြောနိုင်တော့ပေ။

ခဏအကြာတွင် သူမ မျက်ရည်ကျလာသည်။

အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now