Chapter 156
မြို့တွင်းသို့ဝင်လာသော စစ်တပ်ကြီး၏ခေါင်းဆောင်မှာ စည်းကမ်းတင်းကြပ်ပြီး ဖြောင့်မတ်သောစစ်သူကြီးတစ်ယောက် ဖြစ်လိမ့်မည်။
မြို့ထဲမှလူများမှာ ဝမ်းသာအားရ သက်ပြင်းမချပဲ မနေနိုင်တော့ပေ။ ထိုလူများက တိုက်ပွဲကို အနိုင်ရသွားခြင်းဖြစ်၍ ကံကောင်းလှသည်။
နောက်ဆုံးတွင် စစ်တပ်ကြီးဖြတ်သန်းသွားပြီးချိန်မှသာ လူများက လမ်းမပေါ် ထွက်လာကြသည်။ ခဏအကြာတွင် စစ်သားများရောက်လာပြီး ဂိတ်တံခါးကြီးရှစ်ခုကို ယနေ့အတွင်းပြန်ဖွင့်မည်ကာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း တစ်မြို့လုံးကို အသိပေးကြသည်။ ယနေ့အတွင်း ဖြတ်သန်းသွားလိုသူများမှာ စာရွက်စာတမ်းများကို ကြိုဆင်ပြင်ဆင်ကြတော့သည်။
မကြာမီအချိန်တွင် ချန်လဲ့လမ်းမကြီးက ယခင်ကဲ့သို့ ပြန်လည်အေးချမ်းသွားပြီး လူအများဖြင့် စည်ကားလာတော့သည်။
သို့ရာတွင် အားလုံး စိတ်အေးသွားပြီးနောက်တွင် သိချင်စိတ်များဖြစ်ပေါ်လာသည်။
" မြို့ထဲဝင်လာတဲ့ စစ်တပ်ကြီးက ဘယ်က ရောက်လာတာပါလိမ့်... "
စားသောက်ဆိုင်မှ လူတစ်ယောက်က စတင်မေးမြန်းလိုက်သည်။
အားလုံးကလည်း ရှင်းရှင်းလင်းလင်းမသိကြပေ။ ထိုအချိန် တစ်စုံတစ်ယောက်က ထပြောလိုက်သည်။
" အနက်ရောင်သံချပ်ကာ အင်္ကျီတွေနဲ့ဆိုတော့ ယန်ဒေသက ယွင်ယန် သံမဏိမြင်းစစ်သည်တွေထင်တယ်...."
" ယန်ဒေသတဲ့လား... ယန်ဒေသက လွန်ခဲ့တဲ့ နှစ်နှစ်တည်းက ကျဆုံးသွားပြီမလား..."
ထိုလူက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
" ယန်ဒေသက ကျဆုံးသွားတယ်ဆိုပေမယ့် ယွင်ယန်သံမဏိမြင်းစစ်သည်တွေက ရှိနေတုန်းပဲ... သူတို့တွေက အခြားတပ်ဖွဲ့နဲ့ ပူးပေါင်းသွားတယ်လို့တော့ကြားတယ်... ဒါပေမဲ့ ဒီနေ့တော့ သူတို့်ဘယ်နေရာက ရောက်လာတယ်ဆိုတာ ငါလည်းမသိဘူး..."
" ယွင်ယန်သံမဏိမြင်းစစ်သည်တွေဆိုတော့... ကွမ်းလင်ဘုရင်ခံများလား..."
YOU ARE READING
အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
General Fictionဒီကနေအပိုင်း၁၄၀ကနေစဖတ်ပေးကြပါနော်