Chapter 149
ဝိုင်ထည့်နေသည်က မပြီးဆုံးသေး၍ မည်သူတစ်ဦးတစ်ယောက်ကမှ ခွက်မတိုက်သေးပဲ ဧကရာဇ်စကားပြောမည်ကို စောင့်ဆိုင်းနေကြသည်။
လင်းဖုက ဝိုင်ကရားကိုယူကာ စားပွဲတစ်လုံးချင်းစီကို ဝိုင်ဖြည့်ပေးနေခဲ့သည်။
နောက်ဆုံးတွင် လူနှစ်ယောက်သာ ကျန်တော့သည်။
ဝိုင်ကခွက်ထဲစီးဆင်းသွားသံနှင့်အတူ ဝိုင်ခွက်နှင့်ဝိုင်ကရားတို့ထိသွားသံကိုပါ ကြားနေရသည်။ ထိုအချိန်တွင် ခန်းမဆောင်တွင်း၌ အသံတစ်ခု ထွက်ပေါ်လာ၍ အားလုံး အုတ်အော်သောင်းနင်းဖြစ်လာသည်။
လင်းဖူ၏လက်က လှုပ်ရှားမှုများရပ်တန့်သွား၍ ဝိုင်ကရားထဲမှ ဝိုင်များ စားပွဲစီးကျကုန်သည်။
သူ လှည့်ကြည့်လိုက်ချိန်တွင် ထိပ်ဆုံးရှိ ပလ္လင်ပေါ်တွင်ထိုင်နေသော ဧကရာဇ်ချင်းဖျင်က ပလ္လင်ပေါ်မှ လဲကျသွားပြီး သတိလစ်နေသည်။
နန်းဆောင်ထဲမှလူအားလုံး အထိတ်တလန့်ဖြစ်ကုန်ပြီး အချို့က ဧကရာဇ်ကို သွားရောက်ကူညီပေးကြတာ အချို့က နန်းတွင်းသနားတော်သွားရောက်ပင့်ဆောင်ကြ၍ ဆူညံပွက်လောရိုက်ကုန်သည်။
ထိုနေရာမှ အစောင့်ရဲမက်များလည်း ဆူဆူညံညံဖြစ်ကုန်သည်။ သူတို့ထဲမှတစ်ယောက်က ချက်ချင်းသဘောပေါက်သွားပြီး ဓားထုတ်ကာ စစ်သူကြီးဟူကို ရွယ်လိုက်သည်။
" စစ်သူကြီးရဲ့ဝိုင်ထဲမှာ ဘာတွေထည့်ထားတာလဲ... ဝိုင်ကိုသောက်ပြီးတာနဲ့ အရှင်မင်းကြီးက ဘာလို့လဲကျသွားရတာလဲ..."
အားလုံးက ချက်ချင်းပင် စစ်သူကြီးဟူကို လှမ်းကြည့်ကြသည်။
စစ်သူကြဟူမှာ လန့်သွားရသည်။
" ကျုပ်... ကျုပ်ဝိုင်ထဲ ဘာမှမထည့်ထားပါဘူး..."
သို့ရာတွင် အားလုံး၏မျက်ဝန်းထဲ၌ သံသယများဖြင့် ပြည့်သွားသည်။
စစ်သူကြီးဟူမှာ အကူအညီရှာမရတော့၍ ဘေးပတ်ပတ်လည်ကို ကပျာကရာဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်များက ရှုကျုံးလျန်အပေါ် ကျရောက်သွားသည်။
YOU ARE READING
အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
General Fictionဒီကနေအပိုင်း၁၄၀ကနေစဖတ်ပေးကြပါနော်