20 2 0
                                    

ကိုကို သိပါစေ

အခန်း (၈)

နွေ မိုးတိမ် နှင့် အတူ ယှဉ်ထိုင်နေရင်း တိမ်လွှာ့လက်ညိုးတွင် ဝတ်ထားသော လက်စွပ် နှင့် မိုးတိမ် ၏ လက်ညိုးတွင် ဝတ်ထားသော လက်စွပ်တို့ အတူတူပင်ဖြစ်ကြောင်း သတိထားလိုက်မိသည်  ။ ထို့အတူပင် မိုးတိမ် နှင့် တိမ်လွှာတို့၏ လက်ပတ်နာရီများသည်လည်း ဆင်တူဖြစ်နေပြန်သည်  ။ နွေ မိုးတိမ် ကို ခပ်တွေတွေ ငေးကြည့်နေစဉ် စားပွဲပေါ်တွင်တင်ထားသော တိမ်လွှာ ၏ ဖုန်းက မြည်လာသဖြင့် နွေ လန့်သွားရသည်  ။ တိမ်လွှာ က ဖုန်း ကို လျင်မြန်စွာကိုင်၍ နေရာမှထသွားသော်လည်း နွေ မိုးတိမ် ၏ ဖုန်းထဲတွင် wallpaper ထားထားသည့်ပုံကို တိမ်လွှာကလဲ wallpaper အဖြစ် တင်ထားသည်ကို တွေ့ဖြစ်အောင် တွေ့လိုက်သေးသည်  ။ မိနစ်အနည်းငယ်ကြာသောအခါ တိမ်လွှာ က ဖုန်းပြောနေရာမှ ပြန်လာပြီး မိုးတိမ် ကို

" ကိုကို  သားဆီကနေပြန်ရင် ဘယ်သွားမှာလဲ  ဆိုင်လား အလုပ်ရုံလား "

ဟု မေးလိုက်သည်  ။ တိမ်လွှာ ၏ မေးခွန်းဆုံးသောအခါ မိုးတိမ် က နွေ့ ကို ကြည့်လိုက်ပြီး

" နွေ့ ကို ရုံးပြန်ပို့ပေးရအုံးမယ်  ပြီးရင်တော့ အလုပ်ရုံသွားမယ်  ဘာမှာမလို့လဲ "

ဟု မေးသည်  ။

" မမဝင့် မြို့ထဲကို အော်ဒါကိစ္စနဲ့သွားစရာရှိတယ်  ပြန်ရင် ကိုကို့ အလုပ်ရုံကိုဝင်လာလိမ့်မယ်  သား စင်လေးတစ်ခုလောက် အသစ်လိုချင်လို့  အဲ့ဒါ ကိုကို ပြန်လို့ မမဝင့် နဲ့ တွေ့ဖြစ်ခဲ့ရင် ထည့်ပေးလိုက်ပါနော် "

မိုးတိမ် က တိမ်လွှာ ၏ စကားကို နားထောင်ပြီးသောအခါ နွေ့ ဘက်သို့ လှည့်လိုက်ပြီး

" ဒါဆို  ပြန်ကြမလား နွေ "

ဟု ပြောပြီး ထိုင်နေရာမှ ထလိုက်သည်  ။ မိုးတိမ် က ထလိုက်သဖြင့် နွလေဲလိုက်ထလိုက်ရသည်  ။ တိမ်လွှာ က နွေ မတ်တပ်ရပ်လိုက်သောအခါ

" ခဏနော် အစ်မ "

ဟု ပြောပြီး မီးဖိုခန်းထဲသို့ ပြေးဝင်သွားသည်  ။ ထို့နောက် စက္ကူဘူးတစ်ဘူးကိုသယ်၍ ပြန်ထွက်လာသည်  ။

ကိုကို သိပါစေ / ကိုကို သိပါစေ (18)Nơi câu chuyện tồn tại. Hãy khám phá bây giờ