781 29 1
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၇)

မနက်ဖြန်မနက်တွင် ရန်ကုန်ပြန်ရတော့မည်ဖြစ်သောကြောင့် တိမ်လွှာ တစ်ပတ်လုံးလုံး ပျော်ရွှင်စွာဆော့ကစားခဲ့သော ပင်လယ်ပြင်ကြီးကို နှမြောတသစွာ ငေးကြည့်နေမိသည် … ။ တိမ်လွှာ ကမ်းစပ်တွင်ထိုင်ကာ ငေးနေစဉ် နွေးထွေးသောလက်တစ်စုံက တိမ်လွှာ ၏ မျက်လုံးကို လာအုပ်သည် … ။ တိမ်လွှာ ထိုလက်ကို စမ်းကြည့်လိုက်ပြီး

" ကိုကို "

ဟု ခေါ်လိုက်သည် … ။ တိမ်လွှာ့ထံမှ အဖြေစကားကိုကြားသောအခါ မိုးတိမ် က ရယ်၍ တိမ်လွှာ့ဘေးတွင် ဝင်ထိုင်လိုက်သည် … ။ ထို့နောက် တိမ်လွှာ့ ကို

" တစ်ယောက်ထဲဘာလုပ်နေတာလဲ ကလေး "

ဟု မေးသည် … ။ မိုးတိမ် ၏ မေးခွန်းဆုံးသောအခါ တိမ်လွှာ က ပြုံးလိုက်ပြီး

" မနက်ဖြန် ရန်ကုန်ပြန်ရတော့မယ်လေ … အဲ့ဒါကြောင့် ပင်လယ်ကြီးကို နှုတ်ဆက်နေတာ "

ဟု ပြောလိုက်သည် … ။ တိမ်လွှာ ၏ အဖြေစကားကြောင့် မိုးတိမ် ပြုံးလိုက်မိသည် … ။ ထို့နောက် တိမ်လွှာ့ဘေး သဲပြင်ပေါ်တွင် လှဲအိပ်လိုက်သည် … ။ တိမ်လွှာ က မိုးတိမ် ကို လှည့်ကြည့်ပြီး

" သဲတွေကပ်ကုန်တော့မယ် "

ဟု ပြောသည် … ။ သို့သော် မိုးတိမ် က တိမ်လွှာ့ ကို ပြန်မချေပပဲ လက်တစ်ဖက်ကိုဆန့်ပေးကာ

" ဒီမှာအိပ် "

ဟု ပြောသည် … ။ တိမ်လွှာ က မအိပ်ပဲ မိုးတိမ် ကို

" သဲတွေပေပါမယ်ဆို "

ဟု ထပ်ပြောသဖြင့် မိုးတိမ် တိမ်လွှာ ၏ ကိုယ်လေးကို သဲသောင်ပြင်ပေါ်သို့ ဆွဲလှဲလိုက်သည် … ။ တိမ်လွှာ က မိုးတိမ် ကို မျက်လုံးအဝိုင်းသားဖြင့်ကြည့်ပြီး

" ကိုကို "

ဟု ခေါ်သည် … ။ သို့သော် မိုးတိမ် က တိမ်လွှာ့ ကို စကားမပြောစေရန် ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည် … ။ ထို့နောက် ကောင်းကင်ပေါ်တွင် တလက်လက်တောက်ပနေသော ကြယ်များကိုကြည့်ကာ

" ကိုကိုက ငယ်လေးအတွက် ... ကြယ်လေးတွေနဲ့တူတယ်လို့ထင်တယ် … ငယ်လေး ဘယ်သွားသွား ဘာလုပ်လုပ် အကုန်သိခွင့်ရလို့လေ "

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now