၁၃

815 22 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၁၃)

မေမေသန့် တစ်ရေးနိုး အောက်ထပ်သို့ ရေဆင်းသောက်ရန် အခန်းထဲမှထွက်လာစဉ် တိမ်လွှာ ၏ အခန်းထဲမှ မီးလင်းနေသေးသဖြင့် တိမ်လွှာ့ အခန်းဘက်သို့ အသာလျှောက်လာခဲ့လိုက်သည် ... ။ အခန်းတံခါးဖွင့်လိုက်သောအခါ တိမ်လွှာ က ဘေးတစောင်းအနေအထားနှင့် နားရွက်တစ်ဖက်ပေါ်တွင် ဖုန်းကိုတင်ကာ ပြုံး၍ အိပ်ပျော်နေသည် ... ။ မေမေသန့် တိမ်လွှာ့ ကို ကြည့်ကာ ပြုံးလိုက်မိသည် ... ။ ထို့နောက် ဖုန်းကိုယူကာ ကုတင်ဘေးတွင်ရှိသော စားပွဲပေါ်သို့ တင်ပေးလိုက်သည် ... ။ တစ်ဆက်ထဲမှာပင် သား လုံးထွေး၍ ကြမ်းပြင်ပေါ်ပစ်ချထားသော စောင်ကိုကောက်ယူကာ တိမ်လွှာ့ ကို ခြုံပေးလိုက်သည် ... ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

ခါတိုင်းညအိပ်လျှင် တစ်ခန်းလုံး အမှောင်ချပြီးမှ အိပ်လေ့ရှိသော မိုးတိမ် ၏ အခန်းသည် ယနေ့တွင် အရုဏ်တက်ချိန်အထိ မီးလင်းနေသဖြင့် မေမေသင်း တစ်ယောက် အခန်းတံခါးကို အသာဖွင့်ကြည့်လိုက်သည် ... ။ အခန်းတံခါးဖွင့်လိုက်သောအခါ မိုးတိမ် က အိပ်ရာပေါ်တွင် ဂစ်တာပိုက်၍ အိပ်နေသည် ... ။

" ဒီကောင်လေးကတော့ ... ကလေးမဟုတ်သူငယ်မဟုတ်နဲ့ "

မေမေသင်း စိတ်ထဲမှပြောပြီး မိုးတိမ် လက်ထဲမှ ဂစ်တာကို အသာဆွဲယူလိုက်သည် ... ။ ထို့နောက် စောင်ခြုံပေးလိုက်ကာ မိုးတိမ် ၏ အခန်းထဲမှ အသာပြန်ထွက်လာခဲ့လိုက်သည် ... ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

တိမ်လွှာ မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာသောအခါ ဧည့်ခန်းထဲတွင် မေမေ့အပြင် မေမေသင်း ကိုပါ တွေ့လိုက်ရသဖြင့် အူကြောင်ကြောင် ဖြစ်သွားသည် ... ။ ထို့ကြောင့် မေမေ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး မေမေသင်း ကို

" မေမေသင်း ... အစောကြီးပါလား ... ဘာဖြစ်လို့လဲ "

ဟု မေးလိုက်သည် ... ။ တိမ်လွှာ ၏ မေးခွန်းဆုံးသောအခါ မေမေ က ပြုံး၍

" သားမိုးတိမ်အတွက် အိမ်ထောင်ဖက်တွေ့ပေးဖို့ကိစ္စလာဆွေးနွေးတာ သားငယ်ရဲ့ "

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now