879 31 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၅)

မိုးတိမ် ကားကိုဂရုစိုက်မောင်းလာရင်း ဘေးထိုင်ခုံတွင်ထိုင်ကာ အိပ်ပျော်နေသော တိမ်လွှာ့ကို ကြည့်လိုက်မိသည် … ။ မမဝင့် ဖုန်းဆက်၍ လှမ်းခေါ်သောကြောင့် မိုးတိမ် တိမ်လွှာ့ဆီသို့ ပြေးလာခဲ့ခြင်းဖြစ်သည် … ။ တိမ်လွှာ့ကို ကြည့်ရသည်မှာ အတော်ပင်ပန်းနေဟန်တူသည် … ။ မိုးတိမ် ကားပေါ်သို့ ပွေ့ချီ၍ ခေါ်လာသည်ကို မျက်လုံးပင်ဖွင့်မကြည့်နိုင် … ။ မိုးတိမ် ခေါ်ဆောင်ရာနောက်သို့ ငြိမ်သက်စွာ လိုက်ပါလာသည် … ။ မိုးတိမ် ကားမောင်းနေရင်း ကားလေးကိုအရှိန်လျှော့လိုက်ကာ တိမ်လွှာ ၏ နဖူးပေါ်သို့ လက်တင်ကြည့်လိုက်သည် … ။ တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေသောကြောင့် ကားကိုပြန်ကွေ့လိုက်ကာ နီးစပ်ရာဆေးရုံသို့ မောင်းလာခဲ့သည် … ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

နှာခေါင်းထဲသို့ တိုးဝင်လာသော ဆေးအနံ့များကြောင့် တိမ်လွှာ လေးလံနေသော မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်လိုက်သည် … ။ ထိုအခါ တိမ်လွှာ့ ကို စိုးရိမ်တကြီးဖြင့် ကြည့်နေသော မေမေ နှင့် မေမေသင်း ကို တွေ့ရသည် … ။ တိမ်လွှာ တွေ့ချင်နေသော မျက်နှာကိုမူ မတွေ့ရ … ။ တိမ်လွှာ နိုးလာသည်ကို တွေ့သောအခါ မေမေ က

" ငယ်လေး … နိုးပြီလား "

ဟု မေးသည် … ။ တိမ်လွှာ ပါးစပ်မှပြန်မဖြေပဲ မေမေ့ ကို ပြုံးပြလိုက်သည် … ။ မေမေ က တိမ်လွှာ့ လက်ကို ဆုပ်ကိုင်ကာ

" တော်သေးတာပေါ့ သားရယ် … သားမိုးတိမ် က သားကို ဆေးရုံခေါ်လာပေးလို့ "

ဟု ပြောသည် … ။ မေမေ ပြောသည့်စကားကို တိမ်လွှာ နားမလည် … ။ တိမ်လွှာ မခံစားနိုင်လွန်းတော့၍ မမဝင့်အိမ်သို့သွားကာ ငိုခဲ့သည်ကိုသာ သတိရသည် … ။ ထို့ကြောင့် မေမေ့ ကို

" ကိုကိုရော "

ဟု မေးလိုက်သည် .… ။ မေမေ က တိမ်လွှာ၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးလိုက်ကာ

" သားမိုးတိမ် … အခုလေးတင်ပဲ အရေးကြီးအလုပ်ပေါ်လာလို့ သွားတယ် … ညနေဝင်လာမယ်ပြောတယ် "

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now