885 31 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၄)

တိမ်လွှာ အိမ်ထဲဝင်လာသောအခါ ဧည့်ခန်းထဲတွင် မေမေ့ ကို တွေ့ရသည် … ။ တိမ်လွှာ ယနေ့တစ်နေ့လုံး ဆိုင်တွင်အော်ဒါကိစ္စများနှင့် အလုပ်ရှုပ်ခဲ့ရသဖြင့် အိမ်ပြန်ရောက်သောအခါ တန်းအိပ်တော့မည်ဟု တွေးကာ ပြန်လာခဲ့သော်လည်း ဧည့်ခန်းထဲတွင် မေမေ့ ကို တွေ့သောအခါ အခြေအနေက ပြောင်းလဲသွားသည် … ။ မေမေ က တိမ်လွှာ မဟုတ်တာမလုပ်ဟု ယုံကြည်သောကြောင့် မည်သည့်အချိန်မှ အိမ်ပြန်လာသည်ဖြစ်စေ တိမ်လွှာ့ကို စစ်ဆေးမေးမြန်းခြင်းမလုပ် … ။ ကိစ္စတစ်ခုခု ပြောစရာရှိမှသာ စောင့်နေတတ်သည် … ။ ယခု တိမ်လွှာ ပြန်လာသည်ကို မေမေ စောင့်နေပုံအရ တစ်ခုခုပြောစရာရှိနေကြောင်း တန်းသိလိုက်ရသည် … ။ ထို့ကြောင့် အပေါ်ထပ်သို့ မတက်သေးပဲ မေမေ့ ဆီသို့ လျှောက်ခဲ့ကာ

" မား … ဘာပြောစရာရှိလို့လဲ "

ဟု မေးလိုက်သည် … ။ တိမ်လွှာ၏မေးခွန်းကိုကြားသောအခါ မေမေ က ပြုံးပြီး တိမ်လွှာ၏ ဆံပင်များကို သပ်တင်ပေးလိုက်သည် … ။

" ငယ်လေး … သား အခု ဆယ်တန်းလဲအောင်ပြီဆိုတော့ တက္ကသိုလ်တက်ဖို့လုပ်ရတော့မယ် .... မေမေတို့ကတော့ သား ကို နိုင်ငံခြားလွှတ်ချင်တယ် "

မေမေ့ စကားကိုကြားသောအခါ တိမ်လွှာမျက်ခုံးလေးများ မြင့်တက်သွားကာ

" ဘာဖြစ်လို့လဲ "

ဟု မေးလိုက်သည် … ။

" သားသိတဲ့အတိုင်းပဲလေ .... ဟိုမှာက ဒီမှါထက်အစစအရာရာသာတယ်လေ "

ဟု ပြန်ဖြေသော မေမေ့စကားအဆုံးတွင် တိမ်လွှာ ငိုင်သွားမိသည် ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

မိမိအရှေ့တွင်ထိုင်ကာ ရေခဲမုန့်ကို အရည်ပျော်နေသည်ကိုပင်မချန်ပဲ မော့သောက်နေသည့် တိမ်လွှာ့ ကို မိုးတိမ် ငေးကြည့်နေမိသည် … ။ ထိုသို့ငေးနေစဉ်

" တွေ့လား … ကိုကို အိပ်မက်မက်နေပြန်ပြီ "

ဟု ပြောလိုက်သော တိမ်လွှာ ၏ အသံကို ကြားရသညဖြင့် မိုးတိမ် တိမ်လွှာ့ကို ရယ်ပြလိုက်သည် … ။ တိမ်လွှာ က မိုးတိမ် ကို ရယ်ဟဟဖြင့်ကြည့်ကာ

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now