၁၁

820 25 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၁၁)

ချက်ချင်းယောင်ကိုင်းလာသော ပါးတစ်ဖက်ကို နောက်ကြည့်မှန်မှကြည့်လိုက်ကာ တိမ်လွှာ ငိုမဲ့မဲ့လေးဖြစ်လာသည်… ။ နွေ နှင့် တွေ့စဉ်က ယခုလိုအပြုအမူမျိုးလုပ်ရန် စိတ်ကူးမရှိသော်လည်း နွေ က တိမ်လွှာ့ဒေါသကို လာဆွနေသောကြောင့် ဒေါသထွက်ကာ မလေးမစားပြုမူခဲ့ခြင်းဖြစ်သည် ။ ပါးအရိုက်ခံရမည်ဟု ထင်မထားခဲ့ … ။ မိုးတိမ် အချိန်မှီရောက်လာ၍သာ တိမ်လွှာ နှင့် နွေ တို့၏ နပမ်းပွဲကို အခြားသူများ လွဲသွားခြင်းဖြစ်သည် … ။ တိမ်လွှာ ကားပေါ်တွင် ထိုင်စောင့်နေစဉ်မှာပင် မိုးတိမ် က အထုတ်တစ်ထုတ်ကိုဆွဲ၍ ကားပေါ်တက်လာသည် … ။ ထို့နောက် တိမ်လွှာ ၏ ပါးတစ်ဖက်ကိုကြည့်ကာ

" ယောင်တောင်ယောင်လာပြီ ငယ်လေးရယ် … နာနေမှာပဲ "

ဟု ပြောသည် … ။ မိုးတိမ် က ပြောပြီး စတိုးဆိုင်မှဝယ်လာသော ရေခဲအိတ်ကိုဖောက်ကာ ကားထဲတွင်အဆင်သင့်ရှိသော လက်ကိုင်ပုဝါလေးနှင့်ထုပ်ကာ တိမ်လွှာ ၏ ပါးကို အသာကပ်ပေးသည် … ။ တိမ်လွှာ နာနေသော်လည်း မိုးတိမ် က ဂရုစိုက်ပေးနေသောကြောင့် နွေ့ ကို စိတ်မဆိုးဖြစ်တော့ … ။ ခဏကြာသောအခါ မိုးတိမ် က ဝတ်ထားသော ဂျာကင်ကိုချွတ်ကာ တိမ်လွှာ့ ကို ခြုံပေးသည် … ။ ထို့နောက် တိမ်လွှာ့ လက်ထဲမှ လက်ကိုက်ပုဝါကို လှမ်းယူလိုက်ကာ

" ငယ်လေး ... အိပ်ပြီးလိုက်လာခဲ့ "

ဟု ပြောကာ ကားလေးကို စတိုးဆိုင်ရှေ့မှ မောင်းထွက်လာခဲ့သည် … ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

တိမ်လွှာ အိမ်သို့ပြန်ရောက်သောအခါ မေမေ က ဧည့်ခန်းထဲတွင်ထိုင်နေသည် … ။ မိုးတိမ် က တိမ်လွှာ့ ကို

" ဘယ်လိုလုပ်ကြမလဲ "

ဟူသော အကြည့်ဖြင့်ကြည့်လိုက်သောအခါ တိမ်လွှာ က မိုးတိမ် ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည် … ။ ထို့နောက် မေမေ့ ကို

" မေမေ … သား ပြန်လာပြီနော် … ကိုကို နဲ့ အလုပ်ကိစ္စပြောစရာရှိလို့ အပေါ်တက်ပြီနော် "

ကိုကို သိပါစေ / ကိုကို သိပါေစ (18)जहाँ कहानियाँ रहती हैं। अभी खोजें