1.4K 35 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၂)

" လွှာ … ရော့ "

မိုးတိမ် လက်ထဲတွင်ကိုင်ထားသော ရေခဲမုန့်နှစ်ခုအနက် တစ်ခုကို  တိမ်လွှာ့လက်ထဲ ထည့်ပေးလိုက်သည် … ။ တိမ်လွှာ က ရေခဲမုန့်ကို လှမ်းယူပြီး

" ကျေးဇူး ကိုကို "

ဟု ပြောသည် … ။ ထို့နောက် မိုးတိမ် ကို ဘာမှထပ်မပြောတော့ပဲ သစ်သားလက်ရန်းကိုမှီကာ ရေခဲမုန့်ကိုသာ စားနေသည် … ။ ထိုသို့ရေခဲမုန့်စားနေရင်း ဘာစိတ်ကူးပေါက်လာသည်မသိ … ။ မိုးတိမ် ကို

" ကိုကို "

ဟု လှမ်းခေါ်သည် … ။ မိုးတိမ် ဘာလဲဟူသောသဘောဖြင့် မေးဆတ်ပြလိုက်သောအခါ တိမ်လွှာ က လက်ထဲတွင်ကိုင်ထားသော ရေခဲမုန့်ဖြင့် မိုးတိမ် ၏ မျက်နှာကို တို့လိုက်သည် … ။ မိုးတိမ် ကြောင်အအဖြစ်နေစဉ်မှာပင် တိမ်လွှာ က မိုးတိမ် ကို လျှာထုတ်ပြပြီး မိုးတိမ် ၏ အရှေ့မှ ပြေးထွက်သွားသည် … ။ ထိုအခါမှ မိုးတိမ် လဲ သတိဝင်လာကာ တိမ်လွှာ့ အနောက်သို့ ပြေးလိုက်လာခဲ့သည် … ။ မိုးတိမ် တိမ်လွှာ့ ကို သာ အာရုံစိုက်နေသဖြင့် မိမိအရှေ့တွင် လျှောက်လာသောသူကို မမြင်လိုက်ပဲ ဝင်တိုက်လိုက်မိသည် … ။

" အမေ့ "

ဟူသော ယောင်လိုက်သံကြောင့် မိုးတိမ် ၏ အကြည့်တို့က မျက်ဝန်းညိုညိုနှင့် မိန်းကလေးထံသို့ ရောက်လာသည် … ။ ထိုသို့ အကြည့်ချင်းဆုံလိုက်မိသည့်တစ်ခဏတွင် မိုးတိမ် ၏ ရင်ခုန်သံများ ဗြောင်းဆန်သွားရသည် … ။ မျက်ဝန်းညိုညိုလေးသည်လည်း မိုးတိမ် ကဲ့သို့ပင် ခံစားရမည်ဖြစ်သည် … ။ သို့သော် မိုးတိမ် ခံစားချက်ကို ထုတ်မပြမိပဲ

" ဆောရီး "

တစ်ခွန်းသာပြော၍ တိမ်လွှာ ရှိရာဆီသို့ လျှောက်လာခဲ့သည် … ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

အိပ်ရာထဲတွင် ဘယ်ညာလူးလှိမ့်၍ အိပ်မပျော်နိုင်ဖြစ်နေသူက နွေ … ။ မျက်စိပိတ်လိုက်သည်နှင့် ညနေက ကန်တော်ကြီးတွင်တွေ့ခဲ့ရသော ကိုလူချော ၏ မျက်နှာကို ပြန်မြင်ယောင်လာမိသည် … ။ နွေ နှင့် တိုက်မိ၍ မျက်နှာတွင် ရေခဲမုန့်များ ပေနေသော်လည်း အလွန်ချောသည့်လူမှန်း နွေ့ စိတ်ထဲမှ သိနေသည် … ။

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now