၁၅

919 29 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၁၅)

" ငယ်လေး ... ဆံပင်ကြီးကဘာလုပ်ထားတာလဲ ... ကလေးလဲမဟုတ်တော့တာကို "

မိုးတိမ် ပါးစပ်မှပြောရင်း နဖူးပေါ်တွင်အုပ်နေသော တိမ်လွှာ့ဆံပင်များကို ဖယ်ပေးရန် လက်လှမ်းလိုက်သည် ။ သို့သော် တိမ်လွှာ က မိုးတိမ်၏လက်ကို အသာဖယ်ပစ်လိုက်သဖြင့် မိုးတိမ် လက်ကိုပြန်သိမ်းလိုက်သည် ။ မိုးတိမ် ၏ လက်ကို ဖယ်လိုက်သော တိမ်လွှာ့လက်ချောင်းများသည် လက်အဆစ်နေရာတွင် တစ်ချို့တစ်လေက ပေါက်ပြဲ၍ သွေးစို့နေသည် ။ ပိန်သွယ်သောလက်ချောင်းများသည် အနည်းငယ်ယောင်ကိုင်းနေသဖြင့် မိုးတိမ် တိမ်လွှာ့လက်ချောင်းများကို လျင်မြန်စွာဆွဲယူလိုက်ပြီး

" ငယ်လေး ... လက်ကဘာဖြစ်တာလဲ ... ဒီလေါက်ယောင်ကိုင်းနေတဲ့အထိ ဘာတွေဘယ်လိုဖြစ်တာလဲ "

ဟု မေးလိုက်သည် ။ မိုးတိမ် ၏ မေးခွန်းအဆုံးတွင် တိမ်လွှာ က အရေးမကြီးဟန်ဖြင့် ရယ်လိုက်ကာ

" ဘာများလဲလို့ ကိုကိုရာ .... သားလက်ဝှေ့သင်နေတယ်လို့ ကိုကို့ကိုပြောသားပဲ ... အခုမှစထိုးတာဆိုတော့ ဒဏ်ရါတော့ရတာပေါ့ "

ဟု ပြန်ဖြေသည် ။ တိမ်လွှာ၏အဖြေစကားအဆုံးတွင် မိုးတိမ် သက်ပြင်းငွေ့ငွေ့ချလိုက်ကာ

" ငယ်လေးရယ် ... ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်လို့ဒုက္ခပေးချင်နေရတာလဲ "

ဟု မေးလိုက်သည် ။ တိမ်လွှာ က မိုးတိမ်၏မေးခွန်းကို ပြန်မဖြေပဲ ပြုံးရုံသာပြုံးပြီး မိုးတိမ်၏ပုခုံးပေါ်သို့ ခေါင်းမှီလာသည် ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

တိမ်လွှာ အိမ်ပြန်ရောက်သည်နှင့် အခန်းထဲသို့ တန်းပြေးဝင်လာကာ စားပွဲခုံပေါ်တွင်တင်ထားသော ဆေးဘူးထဲမှ ဆေးတစ်လုံးကိုထုတ်ယူကာ ရေမပါပဲ သည်အတိုင်းမြိုချလိုက်သည် ။ ထိုအခါမှ စူးအောင့်နေသောရင်ဘတ်က အနည်းငယ်သက်သာသွားသည် ။ တိမ်လွှာ အောင့်နေသော ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်အသာဖိလိုက်ပြီး နံရံကိုမှီကာ ထိုင်ချလိုက်သည် ။ ထို့နောက် မျက်လုံးများကို မှိတ်ချလိုက်သည် ။ မျက်လုံးပိတ်လိုက်သည်နှင့် ပူနွေးသော မျက်ရည်စီးကြောင်းက ပါးပြင်ပေါ်သို့ စီးကျလာသည် ။ တိမ်လွှာ အဆက်မပြတ်ကျနေသော မျက်ရည်များကို မသုတ်ဖြစ်ပဲ ရှိုက်၍သာ ငိုနေမိသည် ။

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now