၁၀

860 25 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၁၀)

ဆေးခန်းထဲမှထွက်လာသော တိမ်လွှာ သည် ခါတိုင်းကဲ့သို့ ရွှင်ပျမနေပဲ အနည်းငယ်မှိုင်နေသည် … ။ ထို့ကြောင့် မိုးတိမ် တိမ်လွှာ ၏ ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ကာ

" ဘာမှမဖြစ်ပါဘူး ငယ်လေးရဲ့ … သူနေကောင်းသွားမှာပါ "

ဟု ပြောလိုက်သည် … ။ မိုးတိမ် ၏ စကားကိုကြားသောအခါ တိမ်လွှာ က ခပ်နွမ်းနွမ်းပြုံးကာ ခေါင်းညိတ်သည် … ။ မိုးတိမ် တိမ်လွှာ့ ကို ကြည့်ကာ မနက်ကကိစ္စအတွက် တောင်းပန်သင့် မတောင်းပန်သင့် စဉ်းစားနေမိသည် … ။ နွေ့ လုပ်ရပ်အတွက် မိုးတိမ် တိမ်လွှာ့ ကို တောင်းပန်သင့်မှန်းသိသော်လည်း တိမ်လွှာ စိတ်ဆိုးသွားမည်ကို စိုးရိမ်ကာ မဝံ့မရဲ ဖြစ်နေမိသည် … ။ တိမ်လွှာ က ကားစက်မနှိုးသေးပဲ ငိုင်နေသော မိုးတိမ် ၏ ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ကာ

" ကိုကို ဘာတွေစိတ်ကူးယဉ်နေတာလဲ … ပြန်ကြမယ်လေ "

ဟု ပြောသည် … ။ ထိုအခါမှ မိုးတိမ် သတိဝင်လာပြီး တိမ်လွှာ့ ကို အားနာသည့်အကြည့်ဖြင့် ကြည့်လိုက်ကာ

" ငယ်လေး … မနက်ကကိစ္စအတွက် ကိုကို တောင်းပန်ပါတယ် "

ဟု ပြောလိုက်သည် … ။ မိုးတိမ် ၏ စကားကိုကြားသောအခါ တိမ်လွှာ က နားမလည်ဟန်ဖြင့်

" ဘာကိစ္စလဲ "

ဟု ပြန်မေးသည် … ။ မိုးတိမ် သက်ပြင်းကို မသိမသာရှိုက်လိုက်ပြီး

" နွေ့ အပြုအမူတွေအတွက် ကိုကို တောင်းပန်ပါတယ် "

ဟု ပြောလိုက်သည် … ။ ထိုအခါ တိမ်လွှာ က ပြုံးနေကျအပြုံးအတိုင်း မိုးတိမ် ကို ပြုံးပြလိုက်ကာ

" ဆောရီး ကိုကို … သား မနက်က ဟိုအကောင်လေး နဲ့ အိမ်မှာအလုပ်နည်းနည်းရှုပ်သွားလို့ … အဲ့ဒီအစ်မ ဘာပြောတယ်ဆိုတာ မကြားလိုက်ဘူး … သား ကြည့်လိုက်တော့ ဖုန်းကကျနေပြီ "

ဟု ပြောသည် … ။ တိမ်လွှာ သက်သက်ဟန်ဆောင်နေမှန်း မိုးတိမ် သိသော်လည်း တိမ်လွှာ့ ကို နောက်ထပ်စကားမဆိုမိ … ။ ထိုအစား တိမ်လွှာ ၏ ဆံပင်များကို ဖွလိုက်ကာ

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now