၁၇

199 3 0
                                    

ကိုကို သိပါစေ

အခန်း (၁၇)

မိုးတိမ် က အရေးတကြီး ပြောစရာရှိသည်ဟု ပြောသဖြင့် မိုးတိမ်၏ မိဘများနှင့် တိမ်လွှာအပါအဝင် မေမေသန့် နှင့် ဖေဖေပါ မိုးတိမ်တို့အိမ်သို့ ရောက်နေသည်  ။ တိမ်လွှာတို့ နာရီဝက်နီးပါး စောင့်ပြီးသောအခါမှ မိုးတိမ် က ရောက်လာသည် ။ ရောက်လာသည်နှင့် မိုးတိမ် က လူကြီးများကို ဝေ့ကြည့်လိုက်ပြီး တိမ်လွှာ့ဘေးနေရာတွင် ထိုင်လိုက်သည်  ။ ခတ္တကြာအောင် တိတ်ဆိတ်နေပြီးမှ မိုးတိမ် က

" မေမေ "

ဟု ခေါ်လိုက်သည်  ။ ထို့နောက်

" သား ... နွနေဲ့လက်ထပ်တော့မယ် "

ဟု ပြောလိုက်သည်  ။ မိုးတိမ်၏စကားအဆုံးတွင် မေမေ က

" ဘယ်လို "

ဟု မိုးတိမ် ၏ စကားကို နားမလည်ဟန်ဖြင့် ထပ်မေးသဖြင့် မိုးတိမ်

" သား နဲ့ နွေ  လက်ထပ်ဖို့ဆုံးဖြတ်ပြီးပါပြီ  မကြာခင်လက်ထပ်တော့မှာမို့လို့ မေမေတို့ချီချင်တဲ့မြေးကို ချီရတော့မှာပါ "

ဟု ထပ်ပြောလိုက်သည်  ။ မိုးတိမ် ၏ စကားကိုကြားသောအခါ လူကြီးများအားလုံး ကြောင်သွားပြီး တစ်ခန်းလုံး ခတ္တတိတ်ဆိတ်သွားသည်  ။ ပြီးမှ

" တကယ်လား "

" စေ့စပ်ပွဲကိုဘယ်တော့လောက်လုပ်ကြမလဲ "

" အို  ရှုပ်ပါတယ် အခုပဲမင်္ဂလာဆောင်ပေးကြတာပေါ့ "

ဝမ်းသာအားရဖြင့် ပြောသည့်အသံများ ဆူညံလာသည်  ။

            

" ငယ်လေး .... ရရဲ့လား ... မမဝင့် ဘာလုပ်ပေးရမလဲ "

မိုးတိမ် ဆိုင်ထဲဝင်ဝင်ချင်း မမဝင့် ၏ အသံကို ကြားလိုက်ရသဖြင့် အသံလာရာဆီသို့ အပြေးတစ်ပိုင်း လျှောက်လာခဲ့လိုက်သည် ။ ထိုအခါ မီးဖိုချောင်ထဲရှိဘေစင်တွင် လက်ထောက်ကာ အန်နေသော တိမ်လွှာ နှင့် တိမ်လွှာ့ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးနေသော မမဝင့် ကို တွေ့ရသည် ။ ထို့ကြောင့် မမဝင့်တို့အနားသို့ ပြေးသွားလိုက်ပြီး

ကိုကို သိပါစေ / ကိုကို သိပါစေ (18)حيث تعيش القصص. اكتشف الآن