23 1 0
                                    

ကိုကို သိပါစေ

အခန်း (၉)

ယံ အလုပ်သို့ရောက်သောအခါ မမဝင့် နှင့် အခြားလူများက ရောက်နှင့်နေပြီဖြစ်သည်  ။ ထို့ကြောင့် ယံ မမဝင့် ဆီသို့ လျှောက်သွားပြီး

" မမ ကျွန်တော်ရောက်ပါပြီ "

ဟု ပြောလိုက်သည်  ။ ထိုအခါ မမဝင့် က ယံ့ ကို ယူနီဖောင်းလေးစုံထုတ်ပေးကာ

" ဒါလဲဝတ်လိုက်  တစ်ပတ်မှာ ငါးရက် ယူနီဖောင်းဝတ်ရမယ်  စနေနေ့မှာ ကြိုက်တာဝတ်လို့ရတယ်  တနင်္ဂနွေ ပိတ်တယ်  ပြီးတော့ မင်းအလုပ်က ဧည့်ကြို နဲ့ သန့်ရှင်းရေး  ဧည့်ကြိုဆိုတာ ဆိုင်ထဲဝင်မဲ့သူကို တံခါးဖွင့်ပေးရုံပဲ  သန့်ရှင်းရေးဆိုတာ တံမြက်စည်းလှည်း ကြမ်းတိုက်တာ ကို ပြောတာမဟုတ်ဘူး  ဆိုင်ထဲက မှန်တွေ ခုံတွေ ကို  မနက်တစ်ခါ ညနေတစ်ခါ အဝတ်နဲ့တိုက်ပေးရမယ်  ဆိုင်က ဆယ်နာရီခွဲမှဖွင့်မှာဆိုတော့ ကိုးနာရီအရောက်လာပြီး သန့်ရှင်းရေးလုပ်ရမယ်  ဟုတ်ပြီလား "

ဟု ပြောသည်  ။ ယံ မမဝင့် ကို ခေါင်းညိတ်ပြလိုက်သောအခါ မမဝင့် က ပြုံးပြီး

" ဒါဆို  အခုစတော့ "

ဟု ပြောကာ ယံ့ အနားမှ ထွက်သွားသည်  ။ ထို့ကြောင့် ယံ လဲ ယူနီဖောင်းတစ်စုံကိုယူ၍ လဲဝတ်ရန် အိမ်သာထဲသို့ ဝင်လာခဲ့သည်  ။

            

ယံ အားကြိုးမာန်တက်ဖြင့် သန့်ရှင်းရေးလုပ်နေစဉ် ဆိုင်ရှေ့တွင် ကားတစ်စီးရပ်လာသည်  ။ ထို့နောက် ကားပေါ်မှ ယောက်ျားလေးနှစ်ဦး ဆင်းလာကာ ဆိုင်ထဲသို့ ဝင်လာသည်  ။ ယံ ထိုယောက်ျားလေးနှစ်ဦးကို

" ကြိုဆိုပါတယ်ခင်ဗျာ "

ဟု ပြောပြီး တံခါးဖွင့်ပေးလိုက်သည်  ။ ယံ့ အသံကိုကြားသောအခါ ထိုယောက်ျားလေးနှစ်ဦးအနက် တစ်ဦး က ယံ့ ကို ဖြတ်ကနဲလှည့်ကြည့်ပြီး ပြုံးပြသည်  ။ ထိုယောက်ျားလေးကို ယံ တစ်နေရာတွင် တွေ့ဖူးသကဲ့သို့ ခံစားရသည်  ။ ထို့ကြောင့် နောက်တစ်ခါပြန်ကြည့်လိုက်သည်  ။ ထိုယောက်ျားလေး က ကောင်တာနားတွင်ရပ်ကာ မမဝင့် နှင့် စကားပြောနေသည်  ။ စကားပြောနေရင်းနှင့် တစ်ချက်တစ်ချက် ယံ့ ကို လှမ်းလှမ်းကြည့်နေသောကြောင့် ယံ မျက်လွှာချလိုက်ကာ လုပ်လက်စအလုပ်ကို ဆက်လုပ်နေလိုက်သည်  ။ ထိုစဉ် မမဝင့် က ယံ့ ကို

ကိုကို သိပါစေ / ကိုကို သိပါစေ (18)Where stories live. Discover now