831 25 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၆)

တိမ်လွှာ ဆိုင်မှပြန်လာသောအခါ အချိန်အနည်းငယ်စောနေသေးသဖြင့် ကားငှားကာ Myanmar Plaza သို့ ထွက်လာခဲ့သည် … ။ အိမ်ပြန်ရန်စောနေသဖြင့် ဝင်လာခဲ့ခြင်း ဖြစ်သော်လည်း ရောက်သောအခါ မည်သည့်ပစ္စည်းကို ဝယ်ရမှန်းမသိ … ။ ထို့ကြောင့် ဟိုဟိုသည်သည်လျှောက်ကြည့်နေမိသည် … ။ ထိုသို့လျှောက်ကြည့်ရင်း နာရီဆိုင်ရှေ့မှဖြတ်အလျှောက် showcase ထဲတွင် ထည့်ထားသော နာရီလေးတစ်လုံးဆီသို့ အကြည့်ရောက်သွားကာ ဆိုင်ထဲသို့ ဝင်လာခဲ့သည် … ။ တိမ်လွှာ ဆိုင်ထဲဝင်လာသောအခါ အရောင်းဝန်ထမ်းလေးက တိမ်လွှာ့ ကို နွေးထွေးစွာ ကြိုဆိုသည် … ။ တိမ်လွှာ အရောင်းဝန်ထမ်းလေး ကို ပြုံးပြလိုက်ပြီး သားရေကြိုးအနက်တပ်ထားသော ယောက်ျားဝတ်နာရီလေးကို ထုတ်ပြရန် ပြောလိုက်သည် … ။ အရောင်းဝန်ထမ်းလေး က တိမ်လွှာ့ ကို ခေါင်းညိတ်ပြလိုက်ပြီး တိမ်လွှာပြောသည့်နာရီကို ထုတ်ပြသည် … ။ သို့သော် တစ်လုံးထုတ်ပြရမည့်အစား နှစ်လုံးထုတ်ပြသည် … ။ တိမ်လွှာ က

" တစ်လုံးပဲလိုချင်တာ "

ဟု ပြောသောအခါ

" ဒါက couple watch ပါရှင့် "

ဟု ပြန်ဖြေသည် … ။ တိမ်လွှာ အနည်းငယ်ကြာအောင် စဉ်းစားနေပြီးနောက် ထိုနာရီကိုပင်ယူရန် ဆုံးဖြတ်လိုက်ကာ

" ဟုတ် … အဲ့ဒါလေးထုတ်ပေးပါနော် "

ဟု ပြောလိုက်သည် … ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

တိမ်လွှာ Myanmar Plaza မှ ပြန်လာသောအခါ အိမ်မပြန်သေးပဲ မိုးတိမ် ၏ ဆိုင်သို့ ထွက်လာခဲ့သည် … ။ ဆိုင်ရှေ့သို့ရောက်သောအခါ ကားသမားဦးလေးကြီး ကို ပိုက်ဆံပေး၍ ကားပေါ်ဆင်းရန်ပြင်လိုက်စဉ် ဆိုင်ထဲမှ နွေ့ လက်ကိုတွဲ၍ ထွက်လာသော မိုးတိမ် ကို တွေ့ရသည် … ။ ထို့ကြောင့် တိမ်လွှာ ကားပေါ်မှမဆင်းသေးပဲ ဆက်ထိုင်ကာ မိုးတိမ်တို့ကို ငေးနေမိသည် … ။ တိမ်လွှာ ငေးနေရင်းနှင့် ကိုယ့်ကိုယ်ကိုယ် သတိမထားမိပဲ မျက်ရည်ကျလာမိသည် … ။ ဘယ်ဘက်ရင်ဘတ်အတွင်းမှလဲ စူးအောင့်လာသည် … ။ ကားသမားဦးလေးကြီး က ပိုက်ဆံပေးပြီး ကားပေါ်မှမဆင်းသေးသော တိမ်လွှာ့ ကို လှည့်ကြည့်ကာ

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Where stories live. Discover now