၁၂

25 2 0
                                    

ကိုကို သိပါစေ

အခန်း (၁၂)

တိမ်လွှာ ကောင်တာတွင်ထိုင်နေရင်း မိုးတိမ် ၏ ကားလေးက ဆိုင်ရှေ့တွင်ထိုးရပ်လာသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားကာ

" ကိုကို "

ဟု ခေါ်ပြီး ဆိုင်ရှေ့သို့ ပြေးထွက်လာခဲ့သည်  ။ သို့သော် မိုးတိမ် နှင့် အတူ နွေ့ ကိုပါ တွေ့လိုက်ရသောကြောင့် တိမ်လွှာ့မျက်နှာလေး ညိုးသွားသည်  ။ မိုးတိမ် က တိမ်လွှာ့ ကို တွေ့သောအခါ ပြုံးပြပြီး

" ငယ်လေး ကို နွေ က တောင်းပန်မလို့တဲ့ "

ဟု ပြောသည်  ။ မိုးတိမ် ၏ စကားကြောင့် တိမ်လွှာ ပါးစပ်အဟောင်းသားလေး ဖြစ်သွားကာ နွေ့ ကို ကြည့်လိုက်သည်  ။ နွေ က တိမ်လွှာ့ ကို ခေါင်းညိတ်ပြလိုက်ပြီး

" ဟုတ်တယ် မောင်လေး  ဟိုနေ့က ကိစ္စအတွက် မမ တောင်းပန်ပါတယ်  ရိုက်လိုက်ဖို့အထိ တကယ်မရည်ရွယ်ပါဘူး "

ဟု ပြောသည်  ။ နွေ က အတည်တောင်းပန်နေသောအခါ တိမ်လွှာ မနေတတ်  ။ ထို့ကြောင့် ပြာပြာသလဲနှင့် နွေ့ ကို

" မ မဟုတ်တာ အစ်မရယ်  သား မှားတာပါ  တောင်းပန်ရမှာက သားပါ "

ဟု ပြောလိုက်သည်  ။ တိမ်လွှာ ၏ စကားကိုကြားသောအခါ နွေ က ပြုံးပြီး

" ဒါဆို ခွင့်လွှတ်တယ်လို့ ယူဆလိုက်မယ်နော် "

ဟု ပြောသဖြင့် တိမ်လွှာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်မိသည်  ။

            

နွေ ယနေ့အလုပ်ပိတ်ရက်ဖြစ်သောကြောင့် မွှေး ကို အဖော်ခေါ်ကာ မဟာဝိဇယစေတီသို့ ယတြာချေရန် ထွက်လာခဲ့သည်  ။ ဘုရားသို့ရောက်သောအခါ မွှေး ကို အရင်ဘုရာဖူးခိုင်းထားနှင့်ပြီး နွေ က မိမိမွေးနံထောင့်သို့ သွားကာ ဗေဒင်ဆရာပေးလိုက်သည့် ယတြာအစီအရင်ကို လုပ်လိုက်သည်  ။ နွေ မွေးနံထောင့်မှနေ၍ မွှေး ရှိရာဆီသို့ ပြန်လာသောအခါ

" မြေးလေး "

ဟု ခေါ်လိုက်သံနှင့်အတူ နွေ့ လက်ကို တစ်စုံတစ်ယောက်ကို လာဆုပ်ကိုင်သည်  ။ နွေ အသံလာရာဆီသို့ အထိတ်တလန့်ဖြင့်ကြည့်လိုက်မိသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်  ။ ထို့နောက် အသံပိုင်ရှင် အဖွား ကို

ကိုကို သိပါစေ / ကိုကို သိပါစေ (18)Where stories live. Discover now