1

16.1K 616 16
                                    

Kim အိမ်တော်ကြီးရဲ့မိတဆိုးလေး Kim Taehyung.. သူ့ကိုမွေးတဲ့ချိန် မီးတွင်းထဲမှာပင် ဆုံးသွားခဲ့တဲ့ မိခင်ဖြစ်သူ ကြောင့် မိခင်မေတ္တာဆိုတာကိုမရခဲ့ပေမယ့် ဖခင်ဖြစ်သူ ဥက္ကဌကြီး Kim Namjoon က တော့သားဖြစ်သူကို လိုလေသေ့မရှိအောင် ဖူးဖူးမှုတ်ထားတာကြောင့် Taehyung ဟာ ငွေကိုရေ လိုသုံးသလို ထင်တိုင်းကြဲကာ အပျော်အပါးလည်းအရမ်းမက်သည်..

အသက် 22 အရွယ်ကောင်လေးက ဘဝတိုးတက်ဖို့အတွက် ဘာကိုမှစိတ်မဝင်စားကာ အပျော် အပါးကိုသာ အားသွန်ခွန်စိုက်ပျော်ပါးလို့နေသည်..

ကျောင်းသွားဖို့ အိမ်ပေါ်ကနေ ရှိုးအပြည့်နဲ့ဆင်းလာတဲ့ Taehyung..တက္ကသိုလ်ကျောင်းသားဖြစ်သော်လည်း စာကိုရေရေရာရာမသင် တက္ကသိုလ်တက်တယ်ဆိုတာကလည်း အိမ်အပြင်ထွက်လို့ကောင်းအောင်အယောင်ပြတက်နေခြင်းသာဖြစ်သည်..

ကားသော့လေးကို လက်ညိုးလေးနဲ့လှည့်ကာ သီချင်းလေးတညီးညီးဖြင့် အိမ်ရှေ့သို့ထွက်လာတော့ ဧည့်ခန်းမှာ သတင်းစာဖတ်နေတဲ့ အဖေဖြစ်သူရဲ့ခေါ်သံကြောင့် Taehyung မှာလန့်လို့သွားသည်..

" Kim Taehyung "

" လန့်လိုက်တာ အပါးးးးးရာ"

" ငါကအဲ့လောက်လန့်ဖို့ကောင်းနေတာလား "

" မဟုတ်ဘူးလေ အပါးကလည်း ဒီချိန်က အပါး
ကုမ္မဏီသွားနေရတဲ့အချိန်လေ ခုလိုကြီး အပါးသံကြားလိုက်ရတော့လန့်သွားတာပါ ဘာလို့အလုပ်မသွားတာလည်း အပါး."

" ဒီနေ့အိမ်ကိုဧည့်သည်လာမှာမို့စောင့်နေတာ "

" ဘယ်သူလည်း အပါး "

" ငါ့သူငယ်ချင်း "

" nae..အပါးသားသွားပြီ ကျောင်းနောက်ကျမှာဆိုးလို့ "

" နေအုံး ညနေဘယ်ချိန်ပြန်လာမှာလည်း အပါးမိတ်ဆွေနဲ့မိတ်ဆက်ပေးမလို့ "

" ညနေဆိုတာ အိမ်ပြန်လာတဲ့အချိန်မဟုတ်ဘူးလေ အပါးကလည်း "

" ဒီနေ့ပြန်လာခဲ့ "

" nae "

အိမ်ပြင်သိူ့ဆူအောင့်အောင့်နဲ့ထွက်လို့သွားတဲ့ Taehyung..အိမ်ပြင်ရောက်တာနဲ့မျက်နှာက တမျိုးပြောင်းကာ.

Vody (complete) Where stories live. Discover now